Saturday, December 12, 2015

ခွေးအား လေးခွဖြင့် ပစ်ရာမှစ၍ လူသက်မှုဖြစ်ပွား


နတ်မောက်     ဒီဇင်ဘာ       ၁၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ သရက်ချဉ် ကျေးရွာနေ ဒေါ်ငယ်တာ (၄၇) နှစ်သည် ဒီဇင်ဘာ ၈ ရက်နေ့ ညနေ (၇)နာရီခွဲ အချိန်က နေအိမ်တွင် ရှိနေစဉ် အိမ်၌ မွေးမြူ ထားသောခွေးမှ အိမ်ရှေ့ လမ်းပေါ်သို့ထွက်၍ တောထဲမှ ပြန်လာသော တစ်ရွာတည်းနေ လှမြင့်(၅၁) နှစ်အား ဟောင်သဖြင့် လှမြင့်မှ လေးခွဖြင့်ပစ်ရာ ဒေါ်ငယ်တာ၏သားဖြစ်သူ မောင်ဇင်ဝိုင်းမှ လမ်းပေါ် သို့ ထွက်၍ “ငါ့ခွေးကိုပစ်တာ ဘယ်သူလဲ”ဟု မေးရာ လှမြင့်မှ အသင့်ပါ လာသော အရိုးအသွား (၁၁) လက်မ၊ ဗျက်(၁)လက်မခွဲခန့်ရှိ ဓါးမြှောင်ဖြင့် မောင်ဇင်ဝိုင်း၏ လည်ပင်းအား ထောက်ထားစဉ် နေအိမ်ပေါ်မှ ဒေါ်ငယ်တာ၏ ခင်ပွန်းဖြစ်သူ ဦးထွန်းရှိန်(၅၂)နှစ်မှ “ငါ့သားကို ဓါးနဲ့ ထောက်တာ ဘယ်သူလဲ”ဟု အော်ဟစ်မေးမြန်းစဉ် လှမြင့်မှ ဦးထွန်းရှိန် အား လေးခွနှင့်(၂)ချက် ပစ်ခဲ့၍ ဦးထွန်းရှိန် မှ လှမြင့်ရှိရာ လမ်းမပေါ်သို့ ထွက်လာကာ ဦးထွန်းရှိန်နှင့် လှမြင့်တို့ လုံးထွေး သတ်ပုတ်ကြစဉ် လှမြင့်မှ ဓါးမြှောင်ဖြင့်ထိုးရာ ဦးထွန်းရှိန်၏ နောက်ကျောတွင် ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိပြီး နေရာ တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမှုနှင့်ပတ်သက်၍ နတ်မောက်မြို့နယ်၊ ရွှေပန်းတောနယ်မြေရဲစခန်း (ပ)၁၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment