Saturday, December 12, 2015

နတ်​​မောက်​မြို့တွင်​ပိုလီယိုကာကွယ်​​ဆေးအသစ်​ထည့်​သွင်းထိုးနှံခြင်းများ​ဆောင်​ရွက်


နတ်​​မောက်​            ဒီဇင်​ဘာ ၁၀
မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့တွင်​ပိုလီယိုကာကွယ်​​ဆေးအသစ်​ထည့်​သွင်းထိုးနှံခြင်းကိုဒီဇင်​ဘာ၁၀ရက်​နံနက်​၉နာရီကမြို့နယ်​မိခင်​နှင့်​က​လေးကျန်းမာ​ရေး​ဆေးခန်းတွင်​ပြုလုပ်​ခဲ့သည်​။
အဆိုပါ​ဆေးခန်းတွင်​မိခင်​နှင့်​က​လေးကျန်းမာ​ရေးဌာနသားဖွားဆရာမ​ဒေါ်ခင်​မာကြည်​၊​ဒေါ်ခင်​လှမြင့်​နှင့်​​ဒေါ်လှလှဦးတို့ကမြို့​ပေါ်(၇)ရပ်​ကွက်​ရှိ​မွေးကင်းစက​လေးငယ်​များနှင့်​တစ်​နှစ်​ခွဲအထိက​လေးငယ်​(၁၂၀)ဦးအားဦး​နှောက်​တီဘီ​ရောဂါ၊ဆုံဆို့နာ၊ကြက်​ညှာ၊​မေးခိုင်​၊အသည်း​ရောင်​အသားဝါ(ဘီ)၊ဦး​နှောက်​အ​မြှေး​ရောင်​၊အဆုတ်​​ရောင်​​ရောဂါနှင့်​ပိုလီယိုအ​ကြော​သေ​ရောဂါများမဖြစ်​ပွား​စေရန်​ပိုလီယိုကာကွယ်​​ဆေးအသစ်​ထည့်​သွင်းထိုးနှံခြင်းများပြုလုပ်​ခဲ့ပြီကိုယ်​ဝန်​​ဆောင်​မိခင်​(၂၂)ဦးအား​မေးခိုင်​ကာကွယ်​​ဆေးထိုးနှံခြင်းများပြုလုပ်​ခဲ့​ကြောင်းသိရသည်​။
လှဝင်း(နတ်​​မောက်​)

0 comments:

Post a Comment