Thursday, December 17, 2015

အလယ်ဟန်ဒေါက်ကျေးရွာတွင် ၀ါးအခြေခံလက်မှုထည်လုပ်ငန်း သင်တန်းဖွင့်လှစ်


စေတုတ္တရာ     ဒီဇင်ဘာ     ၁၆
စေတုတ္တရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ ကျေးလက်နေပြည် သူများအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက်  အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းဖြစ်သည့် ၀ါးအခြေခံလက်မှုထည်လုပ်ငန်း သင်တန်းကို  ယမန်နေ့ နံနက် ၈ နာရီက စေတုတ္တရာမြို့နယ် ဟန်ဒေါက်ကျေးရွာအုပ်စု အလယ်ဟန်ဒေါက်ကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက သင်တန်းဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဦးစီးမှူး ဦးဆယ်မောင်ကမှ ကျေးလက်နေပြည်သူများ အလုပ် အကိုင်အခွင့်အလမ်း ရရှိစေရန်နှင့် ဆင်းရဲမှုလျှော့ချနိုင်ရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အသက်မွေး ၀မ်းကျောင်းအထောက်အကူပြုသင်တန်းများကို မိမိတို့မြို့နယ်အတွင်း အစဉ်မပြတ် ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ဖွင့်လှစ်ပြီးသင်တန်းတက်ရောက်ခဲ့ကြသူများ အနေဖြင့် လက်တွေ့နယ်ပယ်တွင် မိသားစုဝင်ငွေတိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်း ဆောင်ရွက်ခွင့် ရရှိနေပြီဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများရဲ့  လူမှုစီးပွားဘ၀မြင့်မားရေး အတွက် အလေးထားဖော်ဆောင်လျက်ရှိပြီး လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ဖွင့်လှစ် ခဲ့ခြင်းဖြစ်လို့ သင်တန်းသားများအနေဖြင့် စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြစေလိုပါကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများ၊ သင်တန်း နည်းပြနှစ်ဦးနှင့် သင်တန်းသား သင်တန်းသူ(၃၀)ဦးတို့တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ ၁၀ ရက် ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment