Tuesday, December 1, 2015

သဖန်းကုန်းကျေးရွာ၌မိုးစပါးစံပြကွက်ရိတ်သိမ်း


တောင်တွင်းကြီး         ဒီဇင်ဘာ        ၁
မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနတိုင်းဦးစီးမှူး၏ဦးဆောင်မှုဖြင့်
တောင်တွင်းကြီးမြို့နယ်သဖန်းကုန်းကျေးရွာကွင်းအမှတ်(၂၆၃၂)တောင်သူ
ဦးသိန်းစိုး၏မိးုစပါးဆင်းသုခ(၃)ဧကစံပြစိုက်ခင်းကိုဒီဇင်ဘာလ ၁ ရက်နံနက်
၉ နာရီကရိတ်သိမ်းခြွေလေ့ခဲ့ကြသည်။
          မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့မြို့နယ်အုပ်ချူ ပ်ရေးမှူးဦးသိန်းဇော်မကွေး
ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးဦးသိန်းလွင်မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်
မတီဝင်များအုပ်စုအုပ်ချူ ပ်ရေးမှူးနှင့်ဒေသခံတောင်သူဦးကြီးများကြည်ရှူ လေ့
လာခဲ့ကြသည်။
           အဆိုပါစံကွက်ရိတ်သိမ်းပွဲတွင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး
ဦးထွန်းမြင့်ကမိုးစပါးဆင်းသုခ(GAP)စနစ်စံပြကွက်ဆောင်ရွက်ပုံအဆင့်ဆင့်
မိုးစပါးရိတ်သိမ်းပြီးချိန်တွင်ထပ်မံစိုက်ပျိုးမည့်သီးနှံများအချိန်မှီစိုက်ပျိုးရေး
မတ်ပဲlကုလားပဲနှင့်နေကြာသီးနှံစိုက်ပျိုးနည်းစနစ်များကိုရှင်းလင်းဆွေးနွေး
သည်။မိုးစပါးဆင်းသုခစံပြကွက်ရိတ်သိမ်းရာတွင်တစ်ဧက(၁၃၂)တင်းထွက်
ရှိပြီးဒေသခံတောင်သူများကြိုက်နှစ်သက်၍ဈေးကောင်းရရှိသောစပါးမျိုးဖြစ်
ကြောင်းသတင်းရရှိသည်။
နိုင်ဝင်း

0 comments:

Post a Comment