Tuesday, December 29, 2015

ပခုက္ကူ-ပေါက် ကားလမ်းပေါ်တွင် ယာဉ်ပေါ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး


ပခုက္ကူ       ဒီဇင်ဘာ      ၂၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ဆင်ချောင်းကျေးရွာအနီး ပခုက္ကူ-ပေါက် ကားလမ်း မိုင်တိုင်အမှတ် (၃/၃)တွင် ဒီဇင်ဘာ ၂၅ ရက်နံနက် (၁၁)နာရီအချိန်က ယာဉ်ပေါ်မှ လူတစ်ဦး ပြုတ်ကျ သေဆုံးကြောင်း သတင်းအရ ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များသွားရောက် စစ်ဆေးခဲ့ကြောင်းသိရသည်။
စစ်ဆေးချက်အရ ၄င်းလမ်းအတိုင်း ပခုက္ကူမြို့ဘက်မှ ပေါက်မြို့ဘက်သို့ မြိုင်မြို့နယ်၊ ကိုင်းတောမ ကျေးရွာနေသူ ယာဉ်မောင်း စန်းထွန်း (၄၁)နှစ် မောင်းနှင်သော 4J/xxxx TOYOTA DYNA LIGHT TRUCK အဖြူရောင် ယာဉ်သည် ဆန်အိတ်များတင်၍ မောင်းနှင်လာစဉ် ယာဉ်နောက် အဖျားတွင် မရိုးကုန်း ကျေးရွာမှ လယ်ယာ ကျေးရွာသို့ ခရီးအကြုံ လိုက်ပါလာသော မရိုးကုန်း ကျေး ရွာနေသူ ဒေါ်ခင်ထွေး (၇၀)နှစ်သည် ယာဉ်ပေါ်မှ ပြုတ်ကျပြီး ရရှိသော ဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင် သေဆုံးသွားသဖြင့် ယာဉ်မောင်းနှင်သူ စန်းထွန်းအား ပခုက္ကူမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သိရှိရသည်။
မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment