Friday, December 4, 2015

မိုးနှောင်းရွှေတောင်(၈)ချည်မျှင်ရှည်ဝါ တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကျင်းပ


ငဖဲ     ဒီဇင်ဘာ     ၃
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(စက်မှုသီးနှံ)ကကြီးကြပ်၍ ၂၀၁၅-၂၀၁၆ ခုနှစ် မိုးနှောင်းရွှေတောင်(၈)ချည်မျှင်ရှည်ဝါ တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီက ပင်ဦးကျေးရွာအုပ်စု လေးအိမ်စုကျေးရွာအ၀င်လမ်းဘေး စိုက်ခင်းကွင်းအမည် ကြမ်းပြင်၊ ဦးပိုင်အမှတ် (၈၇)တောင်သူ ဦးသိန်းမြင့်၏ စိုက်ခင်းကွင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန(စက်မှုသီးနှံ) တိုင်းဒေသကြီး ဦးစီးမှူးဒေါ်ခင်မာနှောင်းက ချည်မျှင်ရှည်ဝါ စံပြကွက် ကွင်းသရုပ်ပြပွဲ ကျင်းပရခြင်းရည်ရွယ်ချက် နှင့် ဒုတိယ တိုင်းဒေသကြီးဦးစီးမှူးဦးမြင့်လွင်မှ ချည်မျှင်ရှည်ဝါ စိုက်ပျိုးမှုသမိုင်းကြောင်းအဆင့် ဆင့်၊တောင်သူများစိုက်ပျိုးနည်းစနစ်မှန်ကန်စေရန်၊တောင်သူများလက်ဝယ် မျိုးကောင်း မျိုးသန့် များရောက်ရှိပြီး ရွေးချယ်စိုက်ပျိုးနိုင်ရန်နှင့်တောင်သူများဝင်ငွေတိုးစေရန် ဒေသနှင့်ကိုက်ညီသော ၀ါမျိုးကောင်း မျိုးသန့်များ အသုံးပြုစိုက်ပျိုးနိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးဦးမောင်ကျော်သန်းက တောင်သူများ အလေအလွင့် မရှိ စိုက်နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးနှင့်(စက်မှုသီးနှံ)မြို့နယ်ဦးစီးမှူး ဒေါ်တင်စန်းမှ ရွှေတောင်(၈)ချည်မျှင်ရှည်ဝါ တစ်ဧကပိသာ(၁၀၀၀)နှုန်းထွက်ရှိရေး လိုက်နာဆောင်ရွက်ရမည့် သိပ္ပံနည်းကျဝါစိုက်ပျိုးထုတ်လုပ်မှု နည်းစနစ်များ သရုပ်ပြရှင်းလင်းပြီး တက်ရောက်လာသော တောင်သူများအား ၀ါသီးနှံဆိုင်ရာ တောင်သူပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ စိုက်ကွင်းသရုပ်ပြပွဲသို့ ပင်ဦးကျေးရွာအုပ်စု အတွင်းရှိ ပင်ဦး၊ကံသာ၊ ညောင်ကိုင်း ကြီး၊လေးအိမ်စု၊ရေပုတ်၊ကံရွာ၊ငရံ့ချောင်းကျေးရွာများမှ တောင်သူများ လာရောက်လေ့လာကြည့်ရှု ခဲ့ကြပြီး ငဖဲမြို့နယ်တွင် ၀ါစိုက်ဧက(၄၀၅၇)ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment