Tuesday, December 29, 2015

အ​ခြေခံပညာအထက်​တန်း​ကျောင်း(ခွဲ)တိုးမြှင့်​ဖွင့်​လှစ်​ခြင်းဥတ္တမသီရိ​ကျောင်းခန်းမ​ဆောင်​လွှဲ​ပြောင်း​ပေးအပ်​လှူဒါန်း


နတ်​​မောက်​        ဒီဇင်​ဘာ၂၈
မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​ကုလားရှင်​​ကျေးရွာအ​ခြေခံပညာအထက်​တန်း​ကျောင်း(ခွဲ)တိုးမြှင့်​ဖွင့်​လှစ်​ခြင်းဥတ္တမသီရိ​ကျောင်းခန်းမ​ဆောင်​လွှဲ​ပြောင်း​ပေးအပ်​လှူဒါန်းခြင်းအခမ်းအနားကိုဒီဇင်​ဘာ၂၇ရက်​နံနက်​၁၀နာရီကဥတ္တမသီရိ​ကျောင်းခန်းမ​ဆောင်​၌ကျင်းပသည်​။
ရှေ့ဦးစွာမန္တ​လေးမြို့မ​နောသုခကာရီအုဋ်​​ကျောင်းဆရာ​တော်​ဦးဥတ္တမသာရ၊လူမူ​ရေးဝန်​ကြီးဦး​အောင်​​ကျော်​မင်း၊မ​ကွေးခရိုင်​ပညာ​ရေးမှူးဦး​ကျော်​​ကျော်​ဦးနှင့်​မန္တ​လေးမြို့​ကျောင်း​ဆောင်​သစ်​အလှူရှင်​ဦး​ကျော်​စိုးမိုးတို့မှအဆိုပါ​ကျောင်း​ရှေ့တွင်​ဖဲကြိုးဖြတ်​ဖွင့်​လှစ်​​ပေးခဲ့သည်​။အခမ်းအနားတွင်​မ​ကွေးတိုင်း​ဒေသကြီးလူမူ​ရေးဝန်​ကြီးဦး​အောင်​​ကျော်​မင်းကအဖွင့်​အမှာစကား​ပြောကြားခဲ့ပြီးဆရာ​တော်​ဦးဥတ္တမသာရမှ​ကျောင်း​ဆောင်​သစ်​လှူဒါန်းရခြင်းနှင့်​အသိရှိတတ်​​ကျေးဇူးဆပ်​အ​ကြောင်းအရာများကိုအနု​မောဓနာစကားမြွတ်​ကြားခြင်းနှင့်​​ကျောင်းအုပ်​ဆရာမကြီး​ဒေါ်မြမြစိုးက​ကျောင်းသမိုင်းအကျဉ်းချုပ်​တို့ကိုရှင်းလင်း​ပြောကြားခဲ့သည်​။ဆက်​လက်​၍ဥတ္တမသီရိ​ကျောင်း​ဆောင်​သစ်​နှင့်​ပတ်​သက်​​သောစာရွက်​စာတမ်းများကိုအလှူရှင်​မှပညာ​ရေးဌာနသို့လွှဲ​ပြောင်း​ပေးအပ်​ခဲ့သည်​။ထို့​နောက်​ဥတ္တမသီရိ​ကျောင်း​ဆောင်​သစ်​သည်​တစ်​ထပ်​အုတ်​ညှပ်​​ကျောင်းဖြစ်​၍အလျား၁၀၅​ပေ၊အနံ၃၃​ပေရှိပြီးစုစု​ပေါင်း​ငွေ၅၄၅သိန်းကုန်​ကျလှူဒါန်းခဲ့သည်​။နတ်​​မောက်​မြို့နယ်​ကုလားရှင်​​ကျေးရွာအ​ခြေခံပညာအထက်​တန်း​ကျောင်း(ခွဲ)ထက်​၊လယ်​၊မူဆရာ၊ဆရာမ၁၆ဦးရှိပြီး​ကျောင်းသား၊​ကျောင်းသူ၅၃၇ဦးရှိ​ကြောင်းသိရသည်​။
လှဝင်း(နတ်​​မောက်​)

0 comments:

Post a Comment