စေတုတ္တရာ ဒီဇင်ဘာ
၉
မိုးရွာရေကြီးနစ်မြုပ်မှုဖြစ်စဉ်အပြီး စိုက်ပျိုးခဲ့သည့် စပါးစိုက်ခင်းများအား
စံကွက်ရိတ်သိမ်းပွဲကို မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် အမှတ်(၁)ရပ်ကွက် ကွင်းအမှတ်(၉၃/ခ)ရှိ
တောင်သူ ဒေါ်ရင်၏ လယ်မြေတွင် ယနေ့နံနက် ၉ နာရီက ကျင်းပရာ အထူးအထွက်တိုး GW-1 ပုလဲသွယ်စပ်မျိုးစပါး
တစ်ဧက အစိုအထွက်(၁၃၆)တင်း ထွက်ရှိပြီး စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်ကျော်ဦး၊
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးလှထွေးအောင်နှင့် ၀န်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန
ဦးစီးမှူး ဦးမျိုးသန့် နှင့် ၀န်ထမ်း များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တောင်သူများ
တက်ရောက်ခဲ့ကြသည်။
စံကွက်ရိတ်သိမ်းပွဲတွင်
မြို့နယ်အုပ်ချုပ်ရေးမှူးက တောင်သူများ စားနပ်ရိက္ခာဖူလုံရေးနှင့် ဒေသဆန်ဖူလုံရေးတို့ကို
ဆွေးနွေးပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးမှ သိပ္ပံနည်းကျGAP စိုက်နည်းစနစ်(၁၄)ချက်နှင့်အညီ
စိုက်ပျိုးရေး၊တစ်ဧကအထွက်နှုန်း ပိုမိုတိုးတက်ထွက်
ရှိရေးအတွက် စပ်မျိုးစပါးများ ရွေးချယ်စိုက်ပျိုးရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း
သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment