Yebaw Tun Aung Kyaw and Conyan Lynn shared Kamayut Media's photo. မှ ကူးယူဖော်ပြပါသည်။
Kamayut Media
BREAKING NEWS:
ဒေါ်အောင်ဆန်းစုကြည်၊ ဦးသန်းရွှေနဲ့ သူရဦရွှေမန်းတို့ တွေ့ဆုံ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်တွေက ကမာရွတ်မီဒီယာကို ပြောဆိုပါတယ်။
တွေ့ဆုံဆွေးနွေးမှုအကြောင်း အသေးစိတ်သတင်းအချက်အလက်တွေ မသိရပေမယ့်လည်း ဒီဆွေးနွေးမှုဟာ ရွေးကောက်ပွဲအနိုင်ရ လူထုခေါင်းဆောင်နဲ့ စစ်အာဏာရှင်ဟောင်းကြီးတို့ကြား တွေ့ဆုံမှုက အဓိကဖြစ်ပြီး သူရဦးရွှေမန်းက ဒီတွေ့ဆုံမှုဖြစ်ပေါ်အောင် ကြားဝင်ဆောင်ရွက်ပေးရတဲ့ အနေအထားမှာ ရှိနေတယ်လို့ သတင်းရပ်ကွက်တွေက ယူဆပါတယ်။
သူရဦးရွှေမန်းဟာ ဒီကနေ့မှာတော့ လူထုခေါင်းဆောင်နဲ့ သူ ၃ရက်ဆက်တိုက် တွေ့ဆုံမှုကို ရည်ညွှန်းပြီး လူတစ်စုအကျိုး ကိုယ့်ပါတီအကျိုးထက်ပိုပြီး အမျိုးသားအကျိုးစီးပွားနဲ့ ပြည်ထောင်စုအကျိုးစီးပွားအတွက် လုပ်ဆောင်နေသူတွေ ရှိနေပြီလို့ ပြောခဲ့ပါတယ်။

0 comments:
Post a Comment