Thursday, December 17, 2015

၆၈)နှစ်​​မြောက်​လွတ်​လပ်​​ရေး​နေ့အကြိုနံရံကပ်​စာ​စောင်​၊ဓာတ်​ပုံပြပွဲ၊​ဟော​ပြောပွဲနှင့်​စာအုပ်​ပြပွဲများကျင်းပ


နတ်​​မောက်​         ဒီဇင်​ဘာ ၁၇
မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​ပြန်​ကြား​ရေးနှင့်​ပြည်​သူ့ဆက်​ဆံ​ရေးဦးစီးဌာနနှင့်​ပညာ​ရေးဌာနတို့ပူ​ပေါင်း၍(၆၈)နှစ်​​မြောက်​လွတ်​လပ်​​ရေး​နေ့အကြိုနံရံကပ်​စာ​စောင်​၊ဓာတ်​ပုံပြပွဲ၊​ဟော​ပြောပွဲနှင့်​စာအုပ်​ပြပွဲများကိုဒီဇင်​ဘာ၁၆ရက်​မွန်​လွဲ၂နာရီတွင်​နတ်​​မောက်​မြို့နယ်​​ဈေးရပ်​ကွက်​အ.မ.က​ကျောင်း၌ကျင်းပသည်​။
အဆိုပါအခမ်းအနားတွင်​အ.မ.က​ကျောင်းအုပ်​ဆရာမကြီး​ဒေါ်​အောင်​​မေကြည်​ကအဖွင့်​အမှာစကား​ပြောကြားပြီးမြို့နယ်​ပြန်​/ဆက်​ဦးစီးမှူး​ဒေါ်ဥမ္မာခင်​က​ကျောင်းသား/သူများစာဖတ်​ခြင်းအ​လေ့အထရရှိ​စေရန်​၊စာဖတ်​ရှိန်​မြှင့်​တင်​​ရေးအ​ထောက်​အကူပြုခြင်း၊လွတ်​လပ်​​ရေး​နေ့ဖြစ်​​ပေါ်လာပုံကြိုးပမ်းမှုသမိုင်း​ကြောင်းနှင့်​ပြပွဲပြုလုပ်​ရခြင်း၏ရည်​ရယ်​ချက်​များနှင့်​စာကြည့်​တိုက်​မှူး(စာ​ထောက်​_၃)​ဒေါ်ဝင်း​မေထွန်းက​ကျောင်း​နေအရွယ်​က​လေးငယ်​ဘဝမှစ၍စာ​ပေချစ်​မြတ်​နိုးသည့်​စိတ်​နှင့်​စာဖတ်​ခြင်းအ​လေ့အထ​ကောင်းများရှင်​သန်​နိုးကြားလာ​စေရန်​သိ​ကောင်းစရာများကို​ဆွေး​နွေး​ပြောကြားခဲ့သည်​။ထို့​နောက်​မြို့နယ်​ပြန်​ကြား​ရေးနှင့်​ပြည်​သူ့ဆက်​ဆံ​ရေးဦးစီးဌာနမှ(၆၈)နှစ်​​မြောက်​လွတ်​လပ်​​ရေး​နေ့အကြိုနံရံကပ်​စာ​စောင်​ပြပွဲ၊ဓာတ်​ပုံများနှင့်​သုတ၊ရသစာအုပ်​စာ​စောင်​(၁၀၀)အုပ်​ကို​ဝေ​ဝေဆာဆာခင်းကျင်းပြသထားပြီး​ကျောင်းသား/သူများအားစိတ်​ဝင်​စားစွာကြည့်​ရှု​လေ့လာ​နေကြကြောင်းသိရသည်​။
လှဝင်း(နတ်​​မောက်​)

0 comments:

Post a Comment