Saturday, December 26, 2015

ပေါက်မြို့မဈေးအတွင်း မီဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက် ပေါက် ဒီဇင်ဘာ ၂၃


မီိးဘေးလုံခြုံရေးနှင့်မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များပျက်စီး ဆုံးရှုံးခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပေါက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ် မီးသတ်တပ်ဖွဲ့၊မြို့နယ်လျှပ်စစ်တို့ ပူးပေါင်း၍ ပေါက်မြို့မဈေးအတွင်း ကွင်းဆင်းစစ်ဆေးခြင်းလုပ် ငန်းများကို ဒီဇင်ဘာ ၂၂ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဈေးသူ ဈေးသားများ မီးသတိရှိစေရေးအတွက် မီးသုံးစွဲမှုများနှင့် လျှပ်စစ်သွယ်တန်းမှုများကို လိုက်လံစစ်ဆေးအကြံပြုခြင်း၊မီးဘေးကြိုတင်ကာကွယ်ရေး ပညာပေး ဟောပြောခြင်းနှင့် မီးဘေးအန္တရာယ်ကျရောက်ပါက မီးသတ်ကားများ အလွယ်တကူ အလျှင်အမြန် ၀င်ရောက်နိုင်ရေးအတွက် လမ်းကြောင်းများရှင်းလင်းခြင်း၊မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုခြင်း နှင့်ဆိုင်ခန်းတိုင်း မီးသတ်ဆေးဘူးအသင့် ချိတ်ဆွဲထားရှိနိုင်ရေး နှိုးဆော်အသိပေးခြင်းတို့ကို ကွင်း ဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment