Saturday, December 12, 2015

ဆိုင်ကယ် လမ်းဘေးသစ်ပင် တိုက်မိ ဦးပဉ္စင်း ၁ပါး ပျံလွန်တော်မူ

ပွင့်ဖြူ     ဒီဇင်ဘာ      ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပွင့်ဖြူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၉ ရက်နေ့ ညနေ(၇)နာရီ (၄၅)မိနစ် အချိန်က ပွင့်ဖြူမြို့နယ်၊ စိုက်ပျိုးရေးသိပ္ပံ ကျောင်း ရှေ့၊ ပွင့်ဖြူ-မင်းဘူး သွားကားလမ်း မိုင်တိုင်အမှတ် ၂၁/၅ နှင့် ၂၁/၆ အကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ၄င်းလမ်းအတိုင်း ပွင့်ဖြူဘက်မှ မင်းဘူးဘက်သို့ ပွင့်ဖြူမြို့နယ်၊ မကျီးစုရွာနေသူ သက်နိုင်ထွန်း (၁၈)နှစ် မောင်းနှင်ပြီးနောက်မှ မကျီးစုရွာ ဘုန်းကြီးကျောင်းတွင် သီတင်းသုံး နေထိုင်သော ဦးပဉ္စင်း ဦးစန္နိမာ(၂၈)နှစ်၊ ၀ါတော် (၇)၀ါ လိုက်ပါလာသည့် ၃၈ယ/xxxx DAYANG-125ဖြူ/နက်ကြား ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ သစ်ပင်အား ၀င်ရောက် တိုက်မိခဲ့ရာ သက်နိုင်ထွန်းတွင် အပြင်းအထန် ဒဏ်ရာများရရှိခဲ့ပြီး ဦးစန္နိမာမှာ ရရှိသော ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။အမှုနှင့်ပတ်သက်၍ ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၆၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။
မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment