Tuesday, December 29, 2015

ကားမှမြင်းလှည်းအား နောက်က ၀င်တိုက်မိ၍ လူ(၅)ဦး ဒဏ်ရာရ


ချောက်     ဒီဇင်ဘာ     ၂၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့၊ အမှတ်(၅)ရပ်ကွက်၊ တမာတန်းရပ်၊ ချောက်-စဥ့်ကူးသွား ကားလမ်း မိုင်တိုင်အမှတ် ၂၀/၇ နှင့် ၂၁ အကြားတွင် ဒီဇင်ဘာ ၂၇ ရက်နေ့ နံနက် (၈)နာရီခွဲအခိျန်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ချောက်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ  သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း ချောက်မြို့ တွင်းဘက်မှ စဥ့်ကူးမြို့ဘက်သို့ မကွေးမြို့ ၊ အောင်မေတ္တာရပ်ကွက်၊ (၄)လမ်းနေသူ ခင်မောင်ဝင်း (၅၅)နှစ်မောင်းနှင်သော ၆ဃ/xxxx Carina အဖြူရောင်ယာဉ်သည် ၄င်းလမ်းအတိုင်းရှေ့တွင် မောင်းနှင်နေသော ချောက်မြို့၊ ကွက်သစ်အနောက် ရပ်ကွက်နေသူ မြင်းလှည်းမောင်း ဦးတင်မြတ်(၅၁)နှစ်၏ မြင်းလှည်းအမှတ်(xx)အား အရှိန်မထိန်း နိုင်ဘဲ နောက်မှဝင်ရောက် တိုက်မိသဖြင့် မြင်းလှည်းပေါ်ပါ မြင်းလှည်းမောင်း ဦးတင်မြတ်နှင့် ခရီးသည် ချောက်မြို့၊ အမှတ်(၂) ရပ်ကွက်နေသူ ဒေါ်မြသန်း(၇၈)နှစ် အပါအ၀င် အမျိုးသမီး (၄)ဦး၊ ပေါင်း(၅)ဦးတို့ ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသဖြင့် ယာဉ်မောင်းနှင်သူ ခင်မောင်ဝင်းအား ချောက်မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။
မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment