မင်းလှ ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊
သရက်ခရိုင်၊ မင်းလှမြို့၊ တာဘောင်ကြီးလမ်း၊ ရုံးရပ်မြောက်ပိုင်း၊မူကြိုကျောင်းရှေ့
တွင် ဒီဇင်ဘာ ၂၀ ရက်နေ့ ည (၇း၄၀) အချိန်တွင် ယာဉ်တိမ်းမှောက်မှု
ဖြစ်ပွားကြောင်းသတင်းအရမင်းလှမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည်
သက်သေများနှင့်အတူသွားရောက် စစ်ဆေးရာမင်းလှမြို့နယ်၊ ရွာတော်ကျေးရွာနေအောင်လွင်
(၄၉) နှစ်မောင်းနှင်ပြီးနောက်တွင် ၄င်း၏ဇနီး မအေးမြင့်ဦး(၄၉)နှစ် လိုက်ပါလာသည့်
၄၃ယ/xxx၊ နံပါတ်ပါ Follow Me-125 အစိမ်းရောင် ဆိုင်ကယ်သည်
အရှိန်မထိန်းနိုင်ဘဲလမ်း၏ယာဘက်ရှိဂိတ်တဲအားဝင်ရောက်တိုက်မိရာအောင်လွင်တွင်
နဖူးပေါက်ပြဲ၊ ပါးစပ်နှင့်
နားတို့မှသွေးထွက်ဒဏ်ရာရရှိသေဆုံးသွားပြီးမအေးမြင့်ဦးတွင် ဦးခေါင်းပေါက်ပြဲ ၊
ကျောပြင်နာကျင် ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်းသိရသည်။
အလားတူဒီဇင်ဘာ
၂၀ ရက်နေ့ ည(၇း၄၅) အချိန်တွင် မင်းလှမြို့နယ်ဆေးရုံတွင် ယာဉ်တိုက်မှု ဖြစ်ပွား၍
လူနာ(၂)ဦးရောက်ရှိနေကြောင်းသတင်းအရမင်းလှမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ
သွားရောက်စစ်ဆေးရာမင်းဘူးဘက်မှ မင်းလှဘက်သို့ မင်းလှမြို့နယ်၊
လင်းကယ်ကျေးရွာနေဝင်းခိုင်(၄၅)နှစ် မောင်းနှင်သည့် ၂ဝယ/xxx ၊ ကန်ဘို၁၂၅
အနက်ရောင်ဆိုင်ကယ်သည် မကွေး-မင်းလှ ကားလမ်းမိုင်တိုင်အမှတ် ၁၆/၄ အရောက်တွင်
မျက်နှာချင်းဆိုင်မှလာသောမင်းဘူးမြို့နယ်၊ ချောင်းကောက်ကျေးရွာနေကျော်မင်း
(၂၈)နှစ် မောင်းနှင်ပြီးနောက်တွင် မကြူကြူမာ(၂၈) နှစ် လိုက်ပါလာသည့် ၁ဝယ/xxx ၊
ကန်ဘို-၁၂၅ နက်ပြာရောင်ဆိုင်ကယ်အားဝင်းခိုင်မောင်းနှင်သည့် ဆိုင်ကယ်မှ
တစ်ဘက်ယာဉ်ကြောအတွင်းဝင်ရောက်တိုက်မိခဲ့၍ ဝင်းခိုင်တွင် ယာဘက်ခြေချောင်းပေါက်ပြဲ၊
ယာနားရွက်/နှာခေါင်းသွေးထွက် ဒဏ်ရာများရရှိသေဆုံးသွားပြီးကျော်မင်းတွင် မေးစေ့ပေါက်ပြဲ၊
ယာနားပွန်း၊ ဝဲလက်ဖျံပွန်း၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာတို့ ရရှိခဲ့ကြောင်းစစ်ဆေးချက်အရသိရသည်။
အဆိုပါ
ဖြစ်စဉ်များနှင့်ပတ်သက်၍မင်းလှမြို့နယ်၊ မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မများ
ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။
မောင်ညီညာ(မြေလတ်)
0 comments:
Post a Comment