Friday, December 4, 2015

ပြည်သူလူထု အခြေပြု ရေမီတာသုံးပိုက်လိုင်း ရေပေးရေးစနစ်ဖွင့်ပွဲကျင်းပ


မြိုင်-ဒီဇင်ဘာ-၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်ရေပေးရေးကော်မတီနှင့်ယူနီဆက်(ဖ်)(UNIC) တို့ ပူးပေါင်းပြီး ပြည်သူလူထုအခြေပြု ရေမီတာသုံး ပိုက်လိုင်းရေပေးရေးစနစ်ဖွင့်ပွဲကို ဒီဇင်ဘာ(၂)ရက်နေ့ နံနက်(၉)နာရီ(၄၅)မိနစ်က မြိုင်မြို့နယ်၊ ညောင်ရွာကျေးရွာ၊
အစိုးရအလယ်တန်းကျောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ပြည်သူလူထုတို့၏ အိမ်တိုင်ရာရောက် ရေပေးရေး
စနစ်ကိုအကောင်အထည်ဖော်တည်ဆောက်ပြီး ရေပိုက်လိုင်းများ ဖွင့်လှစ်ပေးကြသည်။
အဆိုပါ ဖွင့်ပွဲတွင် နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရုံးချုပ် ဒုတိယ
ညွန်ကြားရေးမှူး ဦးမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး၊ ပခုက္ကူခရိုင်အခြေခံပညာဦးစီးဌာန၊ ပညာရေးမှူး
ဦးမြင့်ကြည်နှင့်ပခုက္ကူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာဝေဖြိုးအောင်
တို့ကအမှာစကားပြောကြားကြသည်။
ထို့နောက် ယူနီဆက်(ဖ်)မှ တာဝန်ရှိသူ ဦးခင်အောင်သိန်းက ယူနီဆက်(ဖ်)နှင့်ကျေးလက်နေ ပြည်သူလူထုများ ပူပေါင်း၍ ရေကောင်းရေသန့်ရရှိရေးနှင့်ရေပေးဝေရေးလုပ်ငန်းစီမံချက်များ ရှင်းလင်းပြောကြားပြီး
မြိုင်မြို့နယ်ညောင်ရွာကျေးရွာရေပေးရေးကော်မတီဥက္ကဌ ဦးဌေးအောင်က ရေရရှိရေးနှင့် ရေပေးရေးလုပ်ငန်းများ
ဆောင်ရွက်မှုအဆင့်ဆင့်တို့ကို ရှင်းလင်း၍ ကျေးဇူးတင်ဝမ်းမြောက်ကြောင်းပြောကြားသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အတွင်းရှိ
ကျေးရွာ(၁၂)ရွာတို့မှ ရေကော်မတီများအား မိုနိုပန့် Element များကို လွှဲပြောင်းပေးအပ်ပြီး ညောင်ရွာကျေးလက်
ကျန်းမာရေးဌာနခွဲ၊ အစိုးရအလယ်တန်းကျောင်းနှင့်ကျေးရွာအတွက် ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်
ထားရှိမှုများကို လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။
ယင်းညောင်ရွာကျေးရွာတွင် စက်ရေတွင်းနှစ်တွင်း တူးဖော်ခဲ့ပြီး၊ စက်ရေတွင်း(၁)မှာ ၁၉၈၅-ခုနှစ်
ကတည်းက ခြောက်လက်မအရွယ်အစား ပိုက်များတပ်ဆင်၍ ပိုက်ချပေ(၇၉၀)ရှိပြီး၊ ဇကာပေ(၈၀)၊ ရေထိပ်(၆၂၀)
ပေရှိ၍ တပ်ဆင်ထားသည့် ပန့်မှာ မိုနိုပန့် (၇၄၀-A)ဖြင့် အင်ဂျင် petter Engine နှင့် ရေစင်(၁)ဖြင့်ရေတင်ရေပေး
ဝေမှုများဆောင်ရွက်နိုင်ခဲ့သည်။
စက်ရေတွင်း(၂)မှာ ၂၀၁၅-ခုနှစ်တွင် လေးလက်မအရွယ်အစားပိုက်များတပ်ဆင်၍ ပိုက်ရေချပေ
(၈၄၀)ရှိပြီး ဇကာပေ(၆၀)၊ ရေထိပ်(၆၀၀)ပေရှိ၍ တပ်ဆင်ထားသည့် ပန့်မှာ Submersible pump ဖြင့် အင်ဂျင်
China Engine(30 HP) နှင့် ရေစင်(၂)ဖြင့် ရေတင်ရေပေးဝေမှုများ ဆောင်ရွက်လျှက်ရှိပါသည်။
ရေတွင်း(၁)နှင့်(၂)တို့တွင် ရေစင်(၁)နှင့်(၂) တို့ ပြုလုပ်ခဲ့ပြီး ပြည်သူလူထုပူးပေါင်းထည့်ဝင်ငွေကျပ်
(၆၈၂.၅)သိန်းနှင့် ယူနီဆက်(ဖ်) ပံ့ပိုးမှုငွေကျပ်(၂၅၁)သိန်း၊ စုစုပေါင်းကုန်ကျငွေကျပ် (၉၃၃.၅)သိန်းကုန်ကျပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပိုင်းဖြင့် ကူညီပံ့ပိုးမှုဖြင့် ရေများရရှိ၍ အိမ်ခြေ(၅၃၂)စု လူဦးရေ(၂၇၄၀)ဦးနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ၊ အခြေခံပညာအလယ်တန်းကျောင်းများအတွက်သာမက ကျေးရွာရှိ  ကျွဲ၊ နွား တိရစ္ဆာန်များပါ သောက်သုံးနိုင်ကြောင်းသိရသည်။

(အောင်ကျော်မြင့်)
      

0 comments:

Post a Comment