Sunday, December 13, 2015

အမျိုးသမီးတစ်ဦး ကြွက်သတ်ဆေးသောက်၍ သေဆုံး


စလင်း      ဒီဇင်ဘာ     ၁၂

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်ဆေးရုံတွင် ဒီဇင်ဘာ ၁၁ ရက်နေ့ ညနေ (၆)နာရီ  အချိန်က ကြွက်သတ်ဆေးသောက်၍ သေဆုံးနေသော အမျိုးသမီးတစ်ဦးရောက်ရှိ နေကြောင်း သတင်းအရ တညောင်နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ စလင်းမြို့နယ်၊ လေသာကုန်း ကျေးရွာနေသူ မသွယ်သွယ်မိုး (၁၉)နှစ် ဖြစ်ပြီး ၄င်းသည် ဖခင်ဖြစ်သူ ဦးလှမင်းနှင့် စကားများ၍ ဖခင်ဖြစ်သူမှ ဆူပူသည်ကို စိတ်ဆိုးပြီး နေအိမ်နောက်ဖေး၌ လယ်ယာသုံးစွဲရန် ၀ယ်ယူထားသော မာလာမြိုင် ကြွက်သတ်ဆေး သောက်နေစဉ် ဖခင်ဖြစ်သူဦးလှမင်းမှ မြင်တွေ့ပြီး တညောင်တိုက်နယ်ဆေးရုံသို့ ပို့အပ်ဆေးကုသစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် စလင်းမြို့နယ်၊ တညောင်နယ်မြေ ရဲစခန်းမှ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment