ငဖဲ ဒီဇင်ဘာ
၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊
ငဖဲမြို့နယ်အတွင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မွန်းမံရန်ပုံငွေဖြင့်
ဆောင်ရွက်သည့် လုပ်ငန်းများမှ ငဖဲမြို့နှင့်ရွှေစက်တော် လမ်းပေါ်ရှိ ပျက်စီးနေသော ကျောက်မောင်း
တံတားကို သံဘောင်ယက်မသစ်သားကြမ်းခင်းများဖြင့် ပြန်လည်ပြုပြင် မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား
ဒီဇင်ဘာ ၂၀ရက်နေ့တွင် မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်
ဦးစီးအရာရှိ(နည်းပညာ)တို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်ကျေးလက်ဦးစီးမှူးမှ
လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment