Friday, December 25, 2015

နတ်​​မောက်​မြို့၌ကွန်​ပျူတာပညာဒါနသင်​တန်းဖွင့်​လှစ်


နတ်​​မောက်​               ဒီဇင်​ဘာ၂၂
မ​ကွေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့၏လမ်းညွန်​မှုဖြင့်​နတ်​​မောက်​မြို့နယ်​အုပ်​ချုပ်​​ရေးမှူးမှကြီးမှူးဖွင့်​လှစ်​​သောW.COM HR DEVELOPMENTAL ORGANISATIONကွန်​ပျူတာပညာဒါနသင်​တန်းဖွင့်​ပွဲကိုဒီဇင်​ဘာ၂၂ရက်​နံနက်​၉နာရီကမြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာနအစည်း​ဝေးခန်းမ၌ကျင်းပသည်​။
အခမ်းအနားတွင်​မြို့နယ်​အုပ်​ချုပ်​​ရေးမှူးဦး​ဌေး​အောင်​မှအဖွင့်​အမှာစကား​ပြောကြားခြင်း၊W.COMအဖွဲ့၏CEOမြန်​မာ့အလင်းသတင်း​ထောက်​ဆရာကြီးဦး​ကျော်​​ဇော(လှသိပ္ပ_​ရွှေဘို)မှပညာ​ရေးဆိုင်​ရာဗဟုသုတများရှင်းလင်းခြင်းနှင့်​W.COMအဖွဲ့၏အ​ထွေ​ထွေမန်​​နေဂျဦးဝဏ္ဏထွန်းမှနိုင်​ငံမှာရှိတဲ့အကျိုးပြုရတဲ့နိုင်​ငံ့ဝန်​ထမ်း​တွေရဲ့အရည်​အခြင်းတိုးတက်​​စေရန်​၊အနာဂတ်​၏သား​ကောင်းများပံ့ပိုးကူညီမှုနှင့်​​ကျေးလက်​​ဒေသများ၏ဖွံ့ဖြိုးတိုးတက်​​စေရန်​ရည်​ရွယ်​ချက်​များကိုအသီးသီးရှင်းလင်း​ပြောကြားခဲ့သည်​။ထို့​နောက်​သင်​တန်းကာလမှာ၂လသင်​ကြား​ပေးမည်​ဖြစ်​ပြီးသင်​တန်းသားသင်​တန်းသူ၂၅၀ဦးခန့်​တက်​​ရောက်​၍သင်​တန်းဆရာ၃ဦးမှEXCE၊POWER POINTနှင့်​PAGE MAKERတို့ကိုအ​ခြေခံဘာသာရပ်​များအဖြစ်​သင်​ကြားမည်​ဖြစ်​​ကြောင်းသိရသည်​။        လှဝင်း(နတ်​​မောက်​)

0 comments:

Post a Comment