Monday, December 21, 2015

အားကစားပစ္စည်းများလှူဒါန်း


နတ်​​မောက်​                 ဒီဇင်​ဘာ ၂၁
အားကစားဝန်​ကြီးဌာနအားကစားနှင်
့ကာယပညာဦးစီးဌာနမှအားကစားပစ္စည်းများလှူဒါန်းပွဲကိုယမန်​​နေ့ည​နေ၃နာရီကနတ်​​မောက်​မြို့ဗိုလ်​​တေဇအားကစားကွင်းတွင်​ကျင်းပခဲ့သည်​။
အခမ်းအနားတွင်​အားကစားဝန်​ကြီးဌာနအားကစားနှင့်​ကာယပညာဦးစီးဌာနညှန်​ကြား​ရေးမှူး(စီမံ)ဦးသိန်းထွန်းလတ်​၊မ​ကွေးတိုင်း​ဒေသကြီးအားကစားနှင့်​ကာယပညာဦးစီးဌာနဒုတိယညွှန်​ကြား​ရေးမှူးဦးဝင်း​ငွေမ​ကွေးခရိုင်​အားကစားနှင့်​ကာယပညာဦးစီးဌာနလက်​​ထောက်​ညွှန်​ကြား​ရေးမှူးဦး​အောင်​ဆင့်​၊မြို့နယ်​အုပ်​ချုပ်​​ရေးမှူးဦး​ဌေး​အောင်​နှင့်​တာဝန်​ရှိသူများတက်​​ရောက်​ခဲ့ကြသည်​။ထို့​နောက်​အားကစားဝန်​ကြီးဌာနအားကစားနှင့်​ကာယပညာဦးစီးဌာနညှန်​ကြား​ရေးမှူး(စီမံ)ဦးသိန်းထွန်းလတ်​ကမြို့နယ်​အားကစားနှင့်​ကာယပညာ​ကော်​မတီဥက္ကဌဦး​ဌေး​အောင်​ထံသို့အားကစားပစ္စည်းများဖြစ်​သည့်​ပိုက်​​ကျော်​ခြင်း၊​ဘောလုံး၊​ဘော်​လီ​ဘော၊ပိုက်​​ကျော်​ခြင်း(ပိုက်​)၊​ဘော်​လီ​ဘော(ပိုက်​)များအား​ပေးအပ်​လှူဒါန်းခဲ့​ကြောင်းသိရသည်​။            လှဝင်း(နတ်​​မောက်​)

0 comments:

Post a Comment