Saturday, December 5, 2015

ပုလဲ- ဂန့်ဂေါကားလမ်းတွင် မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

ပုလဲ- ဂန့်ဂေါကားလမ်းတွင် မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား
============================================
ဂန့်ဂေါ ဒီဇင်ဘာ ၂
ပုလဲ- ဂန့်ဂေါ မော်တော်ကားလမ်း မိုင်တိုင်အမှတ်(၉၆/ဝ)နှင့် (၉၆/၁)ကြား ဂန့်ဂေါ မြို့နယ် ခေါင်းတုံရွာအနီးတွင် ကုန်တင်ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁ ရက် ညနေ ၅ နာရီခွဲခန့်က ကလေးမြို့နေ ဦးမျိုးဇင်ဦး မောင်းနှင် သည့် ကွမ်းသီးအိတ်များတင်ဆောင်လာသောYGN 2J/----- ဖူဆို ၁၂ ဘီး ယာဉ်သည် ပုလဲ- ဂန့်ဂေါ မော်တော်ကားလမ်း မိုင်တိုင်အမှတ်(၉၆/ဝ)နှင့် (၉၆/၁)ကြား ဂန့်ဂေါမြို့နယ် ခေါင်းတုံရွာအနီးတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့မီးလောင်မှုကြောင့် ယာဉ်နောက်ဘီးရှစ်လုံး၊ ကြမ်းခင်း (၁ဝ ပေx ၆ ပေခန့်)နှင့် ကွမ်းသီးအိတ် ၁ဝ လုံး တို့ မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ရာသို့ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ခေါင်းတုံကျေးရွာဒေသခံ ၅ဝ ခန့်တို့နှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၅၅ မိနစ်ခန့်တွင် မီးငြိမ်းသွားကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ဂန့်ဂေါမြို့ မြို့မရဲတပ်ဖွဲ့စခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
(၄၆၅)

0 comments:

Post a Comment