Thursday, December 3, 2015

ရပ်ရွာလူထုကို အခြေခံသော ခရီးသွားလုပ်ငန်းဖွင့်ပွဲကျင်းပ


မြိုင်-နိုဝင်ဘာ-၃၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ အင်းရောင်းကျေးရွာအုပ်စု၊ ယင်းတိုင်းတောင်ဆည်၌
ကျင်းပပြုလုပ်သည့် အက်ရှင်အေ့ဒ်(Action Aid Myanmar-NGO) ၏ ရပ်ရွာလူထုကို အခြေခံသော ခရီးသွားလုပ်ငန်း
(community Based Tourism  Initiative )ဖွင့်ပွဲကို နိုဝင်ဘာ(၃၀)ရက်နေ့(၉)နာရီ(၄၅)မိနစ်က ခရီးသွားဧည့်သည်
နိုင်ငံခြားသားများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
အဆိုပါ ဖွင့်ပွဲသို့ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးဌေးအောင်၊ ပခုက္ကူခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး
ဦးမျိုးမင်းသိန်းနှင့် တာဝန်ရှိသူဌာနဆိုင်ရာအကြီးအကဲများ၊ ခရီးသွားနိုင်ငံခြားသား/နိုင်ငံခြားသူ(၃၆)ဦး၊ လပ္ပတ္တာ
ကြက်ခြေနီတပ်ဖွဲ့ဝင် (၇၀)ဦးနှင့် ဒေသခံပြည်သူများ၊ ဖွံ့ဖြိုးရေးလုပ်သားများနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း
လူဦးရေ ဦး(၂၀၀)ခန့် တက်ရောက်ကြသည်။
ထို့နောက် မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး အက်ရှင်အေ့ဒ် မြန်မာ Country Duiector Oshihab Udin Ahmad က အမှာစကားပြောကြားရာ ရပ်ရွာလူထုမှ ဦးစီးလုပ်ကိုင်မည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ခရီးသွားအပမ်းဖြေစခန်းတစ်ခုဖြစ်ပြီး ဒေသခံများအတွက် ရေရှည်
တည်တံ့နိုင်သော စိုက်ပျိုးရေး ပြင်ပအသက်မွေးဝမ်းကျောင်းမှု ရရှိစေရန် ကျေးရွာ၏ ယဉ်ကျေးမှုဓလေ့စရိုက်တို့ကို
မြှင့်တင်ရန်နှင့် ခရီးသွားလာရောက် လည်ပတ်ကြသူတို့အား သဘာဝအလှအပနှင့်ကျေးရွာဓလေ့ကို ကောင်းမွန်စွာ
ခံစားရေးတို့ကို ရည်ရွယ်၍ ဖွင့်လှစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ ရပ်ရွာလူထုကို အခြေခံသော ခရီးသွားလုပ်ငန်းကော်မတီများကိုယ်စား စူလီပန်း
ကျေးရွာမှ ဦးဆန်းထွန်းနှင့်အင်းရောင်းကျေးရွာမှ ဒေါ်ကြည်မြင့်တို့က ကျေးဇူးတင်စကားပြောကြားသည်။
ယင်းကဲ့သို့ ရပ်ရွာလူထုကို အခြေခံသော ခရီးသွားလုပ်ငန်းများ မြိုင်မြို့နယ်အတွင်း ဖွင့်လှစ်
ဆောင်ရွက်၍ ရရှိသော အကျိုးအမြတ်များမှ ဒေသခံဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်
ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်း၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး လုပ်ငန်း
များကိုပါ အထောက်အပံ့များပေးပြီး လုပ်ကိုင်ဆောင်ရွက်သွားမည်ကိုသိရပါဖြင့် ၀မ်းသာပီတိဖြစ်ပါကြောင်း ဒေသခံ
ပြည်သူများတစ်ဦးက ပြောပြ၍သိရသည်။

(အောင်ကျော်မြင့်)
       မြို့နယ်သတင်းထောက်
        မြိုင်မြို့

0 comments:

Post a Comment