Saturday, December 12, 2015

ဝက်သားဖိုးငွေ တောင်းရာမှ စကားများရန်ဖြစ်ကာ လက်သီးဖြင့်ထိုး၍ သေဆုံး


နတ်မောက်      ဒီဇင်ဘာ       ၁၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ရွှေပန်းတောနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၉ ရက်နေ့ ညနေ (၆)နာရီအချိန်က သရက်ချဉ်ကျေးရွာတွင် ဦးစိုးဝင်း(၅၂)နှစ်နှင့် ဦးကံရ (၄၇)နှစ်တို့ စကားများရန်ဖြစ်စဉ် ကံရမှလက်သီးဖြင့်ထိုးသဖြင့် ဦးစိုးဝင်း သေဆုံးသွားကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ဖုန်းဖြင့် သတင်းပေးချက်အရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ သရက်ချဉ်ကျေးရွာ၏ အနောက်ဘက် (၃)ဖာလုံခန့်အကွာရှိ သုဿန်တွင် ၈.၁၂.၂၀၁၅ ရက်နေ့ က သေဆုံးသွားသော ဦးထွန်းရှိန်(၅၂)နှစ်၏ အလောင်းအား ဦးစိုးဝင်းနှင့် ကံရတို့(၂)ဦးမှ မီးသင်္ဂြိုလ်ပြီး ရွာသို့အပြန် ရွာ၏အနောက်ဘက် (၂)ဖာလုံခန့် အရောက်တွင် ဦးကံရ သည် ဦးစိုးဝင်းထံမှ ၀က်သားဖိုးငွေ တောင်းခံရာမှ စကားများ ရန်ဖြစ်ကြပြီး ဦးကံရမှ ဦးစိုးဝင်းအား လက်သီးဖြင့်ထိုးရာ ဦးစိုးဝင်း၏ အပေါ်နှုတ်ခမ်း ဖူးရောင် ညိုမဲဒဏ်ရာ၊ ယာမေးရိုး/နှာခေါင်း ပေါက်ပြဲဒဏ်ရာတို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွား၍ ဦးကံရအား နတ်မောက်မြို့နယ်၊ ရွှေပန်းတော နယ်မြေရဲစခန်း (ပ)၁၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
မောင်ညီညာ(မြေလတ်

0 comments:

Post a Comment