Thursday, December 31, 2015

(၆၈)နှစ်မြောက် လွပ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နဘင်းချောက်တံတားဖွင့်ပွဲကျင်းပ


စေတုတ္တရာ       ဒီဇင်ဘာ      ၃၁
၂၀၁၆-ခုနှစ်၊(၆၈)နှစ်မြောက် လွပ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် အမှတ်(၂)ရပ်ကွက် နဘင်းချောက်တံတား ဖွင့်ပွဲအခမ်းအနားအား ဒီဇင်ဘာလ (၃၀)ရက်နေ့ နံနက် (၉)နာရီက အဆိုပါ တံတားမုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင်၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေမှ စီစဉ်ဆောင်ရွက် သည့် နဘင်းချောက်တံတားဖွင့်ပွဲအထိမ်းအမှတ်ဖဲကြိုးအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဦး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိန်လှိုင်နှင့် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှဟန်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ထို့နောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဦးမှ နဘင်းချောက် တံတားတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
အဆိုပါ နဘင်းချောက်တံတားမှာ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး တံတားအရှည် (၁၈)ပေ၊ အကျယ်(၂၀)ပေရှိပြီး  စေတုတ္တရာမြို့၊တောင်ခေတ္တရာရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်များရှိ လူဦးရေ(၁၂၀၀)ကျော် တို့နှင့် ကျောင်းသား/ကျောင်းသူများ သွားလာရအဆင်ပြေချောမွေ့စေရန် တိုင်းဒေသကြီး လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း(၅၀) အကုန်အကျခံ တည်ဆောက်ပေးခြင်းဖြစ်ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment