Thursday, December 3, 2015

ဆင်းသုခစပါး မျိုးသန့်ထုတ် စံကွက်ရိတ်သိမ်း


ပေါက်     ဒီဇင်ဘာ     ၂
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် အောင်ချမ်းသာရပ်ကွက် နယ်မြေရှိ မိုးစပါး ဆင်းသုခစပါးမျိုး မျိုးသန့်ထုတ်စံကွက်၌ သိပ္ပံနည်းကျစိုက်ပျိုးထားသောစပါး(၂.၀၀)ဧကကို  ယနေ့နံနက် ၈ နာရီက စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
စံကွက်ရိတ်သိမ်းရာတွင်  ပခုက္ကူခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးရန်နိုင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းအောင်၊မြို့နယ်စိုက်ပျိုးရေးအရာရှိ ဦးခင်မောင်ဆွေ၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေနှင့် မြေစာရင်း၊ စိုက်ပျိုးရေးကွင်း ၀န်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကျေးရွာအုပ်စုများမှ တောင်သူများလာရောက်လေ့လာ ခဲ့ကြကာ အဆိုပါ စံကွက်မှ တစ်ဧကလျှင်(၁၅၈.၇၈)တင်းနှုန်း  ထွက်ရှိခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment