မင်းဘူး ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့နယ်
ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲ အခမ်းအနားအား ဒီဇင်ဘာလ (၅)ရက်နေ့ နံနက်(၅)နာရီအချိန်က
အ.ထ.က(၁) ကျောင်းရှေ့မှစတင်ကျင်ပပြုလုပ်ခဲ့သည်။
အဆိုပါလူထုလမ်းလျှောက်ပွဲသို့
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊
ကျောင်းသား/ကျောင်းသူများ၊ မြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူများ၊အင်းအား (၅၀၀)ဦးခန့်
ပါဝင်ယှဉ်နွှဲခဲ့ကြပြီး မင်းဘူးမြို့ အမှတ်(၁)အ.ထ.ကကျောင်းရှေ့ စုရပ်မှ မင်းဘူး-စကုလမ်းမမှတဆင့်
ခရိုင်အားကစားကွင်းအတွင်းသို့ရောက်ရှိပြီး ကာယလေ့ကျင့်ခန်းအမှတ်(၁)မှ(၁၀)ထိ စုပေါင်း
လေ့ကျင့်ဆောင် ရွက်ခဲ့ကြကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
0 comments:
Post a Comment