Sunday, December 13, 2015

    မြေနုကျွန်း လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍  နှစ်ဘက်တောင်သူ ရိုက်မှုဖြစ် တောင်သူ၁၅၀ဦးကို ပုဒ်မ များစွာနဲ့ အမှုဖွင်


     စလင်းမြို့နယ် ဇီးဖြူပင်ကျေးရွာ
အုပ်စု၊ကြူတောကျေးရွာ တောင်သူများနှင့် ချောက်မြို့နယ်
လက်ပံကျွန်းကျေးရွာအုပ်စု ၊ကျွန်းသစ်ကျေးရွာ တောင်သူများ
သည် နယ်နိမိတ် ထိစပ်လျှက်ရှိသည့် မြေနုကျွန်းပေါ်တွင် မြေနုကျွန်း လုပ်
ပိုင်ခွင့်နှင့် ပတ်သက်၍  ဒီဇင်ဘာ ၇
ရက်နေ့က ရိုက်မှုဖြစ်ပွားခဲ့ရာ စလင်း
မြို့နယ် ကြူတောကျေးရွာမှ တောင်သူ ၇ဦး ထိခိုက်ဒဏ်ရာ ရရှိ
ခဲ့ကြောင်း မင်းဘူးခရိုငိ ရဲတပ်ဖွဲ့ရုံးမှ
သတင်းရရှိသည်၊
   ဖြစ်ပွားရသည့် အကြောင်းအရင်းမှ
ာ စလင်းမြို့နယ် ၊ဇီးဖြူပင်ကျေးရွာ
အုပ်စု၊ ကြူတောကျေးရွာနှင့် ၁မိုင်ခန့် ကွာဝေးသည့် ကွင်းအမှတ်(၄၀၄)ပေါ်တွင် ပေါ်ထွန်းသော မြေနုကျွန်း ခနိ့မှန်း(၁၀၃) ဧက၊ချောက်မြို့နယ် လက်ပံကျွန်းကျေးရွာအုပ်စု ကျွန်းသစ်ကျေးရွာနှင့် (၆)မိုင်ခန့် ဝေးသည့် နေရာတွင် ၂၀၁၄ခုနှစ်မှ စ
တင်ကာ စလင်းမြို့နယ် ကြူတောကျေးရွာမှ လုပ်ကိုင်စိုက်ပျိုးမြေ ဖြစ်ခဲ့ပြီး၊ မတ်ပဲ၊ပဲပင်၊ပဲလွန်း၊ပဲတီစိမ်း သီးနှံများ စိုက်ပျိုးထားရှိပြီး၊ ချောက်မြို့နယ် ကျွန်းသစ်ကျေးရွာမှ
တောင်သူများက ယခုနှစ်တွင် ၎င်းတို့နှင့် ကျေးရွာချင်း စပ်ဆက်နေသောကွင်းစပ် မြေနေရာဖြစ်၍ ဝင်ရောက်လုပ်ကိုင်
လိုသဖြင့် ကြူတောကျေးရွာမှ တောင်သူများ ဆောက်လုပ်ထားသည့် တဲအိမ်များထဲမှ ဦးသန်းထွန်းကြီး ၊ဦးစံပတို့၏ တဲအိမ်များကို ချောက်မြို့နယ် လက်ပံကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစံအေးမှ ဦးဆောင်၍ တုတ်၊ဓါး၊ပေါက်ပြားများ
ဖြင့် ဝင်ရောက်ဖျက်ဆီးရာမှ ယခုကဲ့သို့ ရိုက်မှုဖြစ်ပွားခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှ သိရှိရသည်၊
   ဒဏ်ရာရရှိသူများအား တညောင်တိုက်နယ်ဆေးရုံသို့ ဆေးကုသမှု ခံယူရန် ပိုဆောင်ပေးထားပြီးဖြစ်ပါကြောင်း၊
  အဆိုပါ ခိုက်ရန်ဖြစ်ပွါးမှုနှင့် ပတ်သ
က်၍ ဒဏ်ရာများ ရရှိအောင် ပြုလုပ်သူ  ချောက်မြို့နယ် လက်ပံကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစန်းံအေးပါ (၁၅၀)
ဦးခန်တို့်အား ဥပဒေအရ အရေးယူပေးပါရန် ဦးဘမော်မှ တရားလိုပြုလုပ် တိုင်းတန်းသဖြင့်
၇၊၁၂၊၂၀၁၅ ရက်နေ့က စလင်းမြို့
နယ် တညောင်နယ်မြေရဲစခန်းမှ (ပ)
၃၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၊၄၄၇/၄၂၇/
၂၉၄/၃၂၃ဖြင့် ဖွင့်လှစ်ကာ အမှုစစ်
ဒုရဲအုပ် သန့်ဇော်ဦးမှ စစ်ဆေးဆောင်ရွက်လျက် ရှိပါကြောင်း မင်းဘူးခရိုင် ရဲတပ်ဖွဲ့ရုံး
မှ သိရှိရသည်။
                    တင်ရွှေ၊ ရဲမင်း(မြေလတ်ဂျာနယ်)်

0 comments:

Post a Comment