Saturday, December 12, 2015

တောင်တွင်းကြီး၌လူထုလမ်းလျှောက်ပွဲကျင်းပ

တောင်တွင်းကြီး       ဒီဇင်ဘာ                                                             ၁၂
မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်အားကစားနှင့်ကာယပညာ
ကော်မတီမှကြီးမှူး၍ဒီဇင်ဘာအားကစားလဒုတိယပတ်လူထုလမ်းလျှောက်
ပွဲကိုဒီဇင်ဘာ ၁၂ ရက်နံနက် ၅ နာရီခွဲတွင်မြို့နယ်ပြန်/ဆက်ရုံးရှေ့စုရပ်မှ
ညောင်ပင်လှပြည်သူ့အားကစားကွင်းအထိစုပေါင်းလမ်းလျှောက်ကြသည်။
        အဆိုပါစုပေါင်းလမ်းလျှောက်ပွဲသို့မြို့နယ်အုပ်ချူ ပ်ရေးမှူးဦးသိန်းဇော်
မြို့နယ်အားကစားဦးစီးအရာရှိဦးထွန်းထွန်းဦးနှင်ဌာနဆိုင်ရာများဆရာဆရာမ
များကျောင်းသားကျောင်းသူများဒေသခံပြည်သူများအင်အား ၇၀၀ ကျော်တိုကစုပေါင်းလမ်းလျှောက်ခဲ့ကြပြီးညောင်ပင်လှအားကစားကွင်း၌ကိုယ်
လက်ကြံခိုင်ရေးအတွဲ(၁/၂)ကိုလေ့ကျင့်ခန်းပြုလုပ်၍အလှူရှင်များက
ကောက်ညှင်းပေါင်းနှင့်အကြော်တိုဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရှိရ
သည်။
       နိုင်ဝင်း

0 comments:

Post a Comment