ငဖဲ ဒီဇင်ဘာ
၅
မကွေးတိုင်းဒေသကြီး ငဖဲမြို့တွင် ပြည်သူလူထုပါဝင်သော လူထုလှုပ်ရှားမှုတစ်ရပ်ဖြစ်
သည့် ဒီဇင်ဘာ လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက ကျင်းပရာ မြို့နယ် အုပ်ချုပ်ရေးမှူး
ဦးနိုင်ဝင်းဇော်နှင့်ဌာနဆိုင်ရာဝန်ထမ်းများ၊မြို့ပေါ်ရပ် (၂)ရပ်ကွက်မှပြည်သူများ၊ မြို့ပေါ်ရှိအခြေခံပညာကျောင်းများမှကျောင်းသား
ကျောင်းသူများနှင့်ဆရာ/ဆရာမများ၊ လူမှုရေး အသင်းအဖွဲ့များက စုရပ်ဖြစ်သည့် မြို့နယ်ဆွမ်းလောင်းရုံရှေ့မှ
နယ်ဇောကျေးရွာအထိ ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲကို တစ်ပျော်တစ်ပါး ပါဝင်ဆင်နွဲခဲ့ကြပြီး
အပြန်တွင်မြို့နယ် မြို့နယ်အားကစားကွင်း၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး ပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ ဒီဇင်ဘာလ အပတ်စဉ် စနေနေ့တိုင်း လူထုလမ်းလျှောက်ပွဲဆင်နွဲ
သွားမည်ဖြစ်ရာ ဒီဇင်ဘာလ၏ ၁၂ ရက်နေ့တွင်မင်းလွင်ကျေးရွာသို့လည်းကောင်း၊ ၁၉ ရက်နေ့ တွင် ပင်ဦးကျေးရွာနှင့်၂၆ ရက်နေ့တွင် အိုးမြေတွင်းကျေးရွာများသို့
ဒီဇင်ဘာ လူထုလမ်း လျှောက်ပွဲ လှုပ်ရှားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment