Tuesday, December 1, 2015

စေတုတ္တရာမြို့နယ်၌ ပြည်သူ့ဝန်ဆောင်မှု စုပေါင်းရုံးဖွင့်လှစ


စေတုတ္တရာ     ဒီဇင်ဘာ      ၁
တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်အသီသီးတွင် ပြည်သူများအနေဖြင့် ဌာနဆိုင်ရာများ နှင့်ဆက်သွယ်ဆောင်ရွက်ရာ၌ တစ်နေရာတည်း လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်ရန် ပြည်သူ့ဝန် ဆောင်မှု စုပေါင်းရုံး(One Stop Shop)များကို ဖွင့်လှစ်ထားရှိ ဆောင်ရွက်ပေးလျက်ရှိရာ မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်၌ ပြည်သူ့ဝန်ဆောင်မှု စုပေါင်းရုံးကို နိုဝင်ဘာ ၂၉ ရက်နံနက် ၉ နာရီက  အထွေထွေအုပ်ချုပ်ရေးရေးမှူးရုံးဝန်းအတွင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သန်းနှင့်မြို့နယ်  စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးကံမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ပြည်သူ့ဝန်ဆောင်မှုရုံးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ် ငန်း၊မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနများ ဖွင့်လှစ်ထားရှိပြီး ပြည်သူများ၏ လိုအပ်ချက်များကို ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကာ စေတုတ္တရာ မြို့နယ်အတွင်းမှ ပြည်သူများအနေဖြင့်  ဌာနဆိုင်ရာများနှင့်ဆက်သွယ်၍ ရုံးလုပ်ငန်းများဆောင်ရွက် ရာတွင် တစ်နေရာတည်း၌ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment