Tuesday, December 1, 2015

အိမ်တိုင်ရာရောက် ကောက်သင်းကောက် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်း မြို့နယ်အဆင့် သင်တန်းဖွင်ပွဲ ကျင်းပ


ငဖဲ     နိုဝင်ဘာ     ၃၀
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်၌ ၂၀၁၅ခုနှစ် ဒီဇင်ဘာလတွင်ဆောင်ရွက်မည့် အိမ်တိုင်ရာ ရောက်ကောက်သင်းကောက် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်း မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ငဖဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော် သင်တန်းဖွင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်အောင်က အိမ်တိုင်ရာ ရောက်ကောက်သင်းကောက် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်း လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး အထူးရောဂါနှိမ်နှင်းရေးဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာချမ်းမြေ့အေး သောင်မှ ငဖဲမြို့နယ် ရပ်ကွက်ကျေးရွာအတွင်းရှိ မွေးကင်းစမှအသက်ငါးနှစ်ထိကလေးများ ပိုလီယို ရောဂါခုခံကာကွယ်စွမ်းအားမြင့်တက်လာစေရန် ရည်ရွယ်၍ အိမ်တိုင်ရာရောက်ကောက်သင်းကောက် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးရန်ဖြစ်ကြောင်း၊ ထိုအစီအစဉ်အောင်မြင်ရန်အတွက် ကျန်းမာရေး ၀န်ထမ်းများ စေတနာ့ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ငဖဲမြို့ယ်မှ ကျန်းမာရေးဝန်ထမ်း သင်တန်းသား သင်တန်းသူ (၅၁)ဦးအား တိုင်းဒေသကြီိး အထူးရောဂါနှိမ်နှင်းရေးဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာချမ်းမြေ့အေးသောင်မှ သင်တန်းပို့ချပြီး ညနေပိုင်းတွင် အသေးစိတ်အစီအစဉ် (microplan) များ ပူးပေါင်းရေးဆွဲခဲ့ကြကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment