ပွင့်ဖြူ နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်
သရက်အုပ်ကျေးရွာအုပ်စုပွင့်ဖြူ မျိုးသန့်ခြံကွင်းအမှတ် (၉၀၅) တွင်စိုက်ပျိုးထားသည့်မိုးစပါးပုလဲသွယ်စပ်မျိုးစပါးမျိုးစေ့ထုတ်
စံပြစိုက်ခင်းတွင် ၀က်မှုံကူးပွဲတော်နှင့်မနောသုခမျိုးသန့် မျိုးပွားမျိုးစေ့(RS)ထုတ်
စိုက်ခင်းကွင်းသရုပ်ပြပွဲကို နိုဝင်ဘာ ၂၃ ရက်ကကျင်းပခဲ့သည်။
ဝက်မှုံကူးပွဲနှင့်ကွင်းသရုပ်ပြပွဲသို့ မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ
ဒု-တိုင်းဦးစီးမှူး၊တိုင်းဒေသကြီးမျိုးစေ့တာဝန်ခံ၊မင်းဘူးခရိုင်မှ ခရိုင်ဦးစီးမှူးနှင့်
မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ မင်းလှ၊ မကွေး၊ ငဖဲ (၆) မြို့နယ်မှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊
ပွင့်ဖြူမျိုးသန့်ခြံမှ ၀န်ထမ်းများ၊ ပုလဲသွယ်စပ်မျိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်းမှ
ဝန်ထမ်းများနှင့် တောင်သူ(၅၅)ဦးတို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ၀တ်မှုန်ကူးပွဲနှင့် ကွင်းသရုပ်ပြပွဲတွင်
တိုင်းဒေသကြီးဒု-တိုင်းဦးစီးမှူးဦးမြင့်စိန်မှ ပုလဲသွယ်စပ်မျိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်းရည်ရွယ်ချက်နှင့်
အကျိုးကျေးဇူးများကိုတောင်သူများအားရှင်းလင်းပြသကာတောင်သူများ၏ သိရှိလိုသည့် မေးမြန်းမှုများအားရှင်းလင်းဖြေကြားခဲ့ရာ
ဝတ်မှုန်ကူးပုံ အဆင့်ဆင့်ကို စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
သန်းနိုင်ဦး
(ငဖဲ)
0 comments:
Post a Comment