Monday, November 9, 2015

မကွေးမြို့ပေါ် ၁၅ရပ်ကွက်တွင် NLD အပြတ်အသတ်နိုင်

မကွေးမြို့ပေါ် ၁၅ရပ်ကွက်တွင် NLD အပြတ်အသတ်နိုင်
ဝိုင်းအောင်
မကွေး၊ နိုဝင်ဘာ ၈
မကွေးမြို့ပေါ်ရှိ ရပ်ကွက် ၁၅ခုမှ ရရှိသော ရပ်ကွက်မဲစာရင်းများကို မကွေးတိုင်းဒေသကြီး NLD ပါတီရုံးရှေ့တွင် ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၈ ရက် ညလုံးပေါက် အောင်ပွဲခံ၍ LED ဖြင့် ကြေညာပေးနေသည်။
အဆိုပါကြေညာစာရင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စုကြံခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီကြီးနှစ်ခုစာရင်းများမှာ နိုဝင်ဘာ ၈ရက် ည ၁၁း၃၀ နာရီအထိ ဖော်ပြပေးသောစာရင်းဖြစ်သည်။
မကွေးမြို့နယ်တွင် ရပ်ကွက် ၁၅ ခုအပါအ၀င် ရပ်ကျေးအုပ်စုပေါင်း ၇၆ ခုရှိကြောင်း၊ မကွေးမြို့နယ်တခုလုံး၏ မဲစာရင်းအား နိုဝင်ဘာ ၉ ရက်တွင် ဆက်လက်ဖော်ပြပေးမည်ဟု သိရှိရသည်။

0 comments:

Post a Comment