Wednesday, November 18, 2015

မကွေမြို့တွင် Civil Service Training သင်တန်းဖွင့်ပွဲကျင်းပ




မကွေး       နိုဝင်ဘာ        ၁၆
          နိုင်ငံရေးကူးပြောင်းမှုကာလတွင် ကောင်မွန်သော အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်သည့် နေရာတွင် ထိရောက်မှုရှိခြင်းနှင့် စွမ်းဆောင်ရည် ပြည့်ဝသော ဌာနတာဝန်ခံများ အရည်အသွေး တိုးတက်စေရေးတို့အတွက် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုအတတ်ပညာများကို ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဂျာမန်ဖောင်ဒေးရှင်း (Konrad Adenauer Stiftung ) တို့ပူးပေါင်းဖွင့် လှစ်သည့် Civil Service Training သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ(၁၆)ရက်နေ့ နံနက်(၉း၃၀)နာရီ က မကွေးမြို့ ပညာရေးကောလိပ်ရှိ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
          အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတာဝန်ယူနေရသည့် ဌာန၏ ဦးတည်ချက်၊ရည်ရွယ်ချက်များကို ကြည်လင်ပြတ်သားစွာ ဖော်ထုတ်နိုင်ရန်၊မိမိ၏ လုပ်ဖော်ကိုင်ဖက်များအား မိမိနှင့်အတူခေါင်ဆောင်နိုင်စွမ်းရှိ၍ ပူးပေါင်း ဆောင်ရွက်နိုင်ပြီး ရလဒ်ကောင်းများ ပေါ်ထွက်လာစေရန်၊မိမိဌာနအုပ်ချုပ်ရေးနှင့် ပတ်သက်သည့် ပြည်သူ့ဆက်ဆံရေးပိုင်းဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာအတတ်ပညာများ တိုးပွားရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးညွှန့်နိုင်မှ Civil Service Training သင်တန်း နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ ဖွင့်ပွဲအခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
          အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအဆင့် ဌာနတာဝန်ခံ/အရာထမ်း(၇၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှ နိုဝင်ဘာလ(၁၆)ရက်နေ့မှ (၂၁)ရက်နေ့အထိ (၆)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ရာ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ဂျာမန်ဖောင်ဒေးရှင်းမှ ပညာရှင်များပူးပေါင်း၍ နိုင်ငံတကာအတွေ့အကြုံများကို မြန်မာနိုင်ငံ၏ အနေအထားအရ လက်တွေ့အသုံးချဆောင်ရွက်နိုင်ရန် ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment