Tuesday, November 3, 2015

မင်းဘူးမြို့မဈေးအတွင်း ဆင်ဆာမဲ့ဗီစီဒီခွေများ ရောင်းချနေသူကို အရေးယူ

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက် 
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းဘူးမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် နိုဝင်ဘာလ ၁ ရက်နေ့ နေံလည် (၁း၅၀)နာရီအချိန် မင်းဘူးမြို့မဈေးအတွင်း ဆင်ဆာမဲ့ ဗီစီဒီခွေ များ ရောင်းချနေကြောင်း သတင်းအရ သက်သေများနှင့်အတူ ၀င်ရောက် ရှာဖွေရာ မင်းဘူးမြို့၊ အမှတ်(၄) ရပ်ကွက်နေသူ မမူမူဝင်း (၄၁)နှစ်သည် ဈေးအတွင်းလမ်းဘေး၌ ဆင်ဆာမဲ့ ဗီစီဒီခွေ မျိုးစုံအား ရောင်းချနေ သည်ကို တွေ့ရှိရပြီး ၄င်းထံမှ ဆင်ဆာမဲ့ဗီစီဒီခွေ စုစုပေါင်း (၂၅၈)ခွေ (တန်ဖိုး ၅၁၆၀၀ိ/-) အား တွေ့ရှိ သိမ်းဆည်း ရမိသဖြင့် ဆင်ဆာမဲ့ ဗီစီဒီခွေ ရောင်းချသူ မမူမူဝင်းအား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၂၄/၂၀၁၅၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပုဒ်မ ၃၂(ခ) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိပါသည်။မကွေးသတင်းစုံ

0 comments:

Post a Comment