Sunday, November 15, 2015

မိုးစပါးများအား ဖျက်သိမ်း၍ ဆောင်းသီးနှံကုလားပဲများ အစားထိုးစိုက်ပျိုး



မြိုင်-နိုဝင်ဘာ-၁၂

                   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ အညာမြေတောင်သူလယ်သမားဦးကြီးများ မိုးစပါးစိုက်ပျိုးမှုတွင် ပျိုးထောင်ခြင်း၊ အစေ့တိုက်ရိုက်စိုက်ပျိုးခြင်းများ စိုက်ပျိုးခဲ့ကြသော်လည်း မိုးရွာသွန်းမှုနည်းပါး၍
မိုးစပါးမအောင်မြင်သဖြင့် နိုဝင်ဘာလအတွင်း မိုးရေချိန် ၀.၆၆ လက်မ ရွာသွန်းမှုကြောင့် ယင်းလယ်များအား ဖျက်သိမ်း၍ ဆောင်းသီးနှံကုလားပဲများအား အစားထိုးစိုက်ပျိုးကြရသည်။
                   ယင်းစိုက်ပျိုးကြသည့် ကုလားပဲများမှာ ကုလားပဲအဖြူလုံးသေး၊ လုံးကြီးများနှင့် ကုလားပဲအ၀ါ
ရေဆင်း-၃၊  ရေဆင်း-၄ တို့ကို စိုက်ပျိုးကြသည်။ လယ်တစ်ဧကလျှင် ထွန်ထယ်တို့ဖြင့် အတန်းလိုက်စိုက်ပျိုးလျှင် ကုလားပဲ(၁၂)ပြီ ကုန်ပြီး ကြဲပက်၍ စိုက်လျှင် (၁၈)ပြီကုန်ကြောင်း၊ ယခုအခါ ကုလားပဲစိုက်ပျိုးရာတွင် နွားရှဉ်းများ
ဖြင့် စိုက်ပျိုးမှုနည်း၍ နွားရှဉ်းများအစား လယ်ထွန်စက်များဖြင့် ကြဲပက်ပြီး စိုက်ပျိုးကြကြောင်း တောင်သူဦးကြီး
တစ်ယောက်ကပြောပြ၍ သိရသည်။


(အောင်ကျော်မြင့်)

0 comments:

Post a Comment