Saturday, November 7, 2015

သဘာဝပတ်ဝန်းကျင်ကို မဖျက်ကြပါနဲ့လို့

ဘာရယ်မဟုတ်ပါဘူး
ဖယောင်းတိုင်ထွန်းကြတာနဲ့
ဒီနေ့ ဟိဖုံးဆက် ဒီဖုံးဆက်နဲ့ဖြစ်ကြလို့
ပြင်းပြင်းရှိတာနဲ့ရေးထားတာလေးတင်လိုက်ပါတယ်_
_______ ______
သဘာဝပတ်ဝန်းကျင်
ကျုပ်တို့ဆီမှာ ၊ တဖြည်းဖြည်းနဲ့ပြောင်းလဲသွားတာတွေရှိသဗျ၊
ဟိုအရင် ကျုပ်တို့ဘိုးဘေးတွေက ကွင်းကျယ်ကျယ်ဆို
ကွင်းပိုင်ကြီးရှိတယ်ဆိုပီး ကွင်းပိုင်ပူဇော်သဗျ၊
သစ်ပင်ကြီးကြီးဆို မခုတ်ရဲဘူး ရုက္ခဆိုးနေသတဲ့
မဖြစ်သာလို့ခုတ်လှဲရရင်တောင် ပွဲပေးပြိး သစ်ပင်အစားစိုက်
အပ်ချီကြီုးတန်း နေရာပေးခဲ့သဗျ၊
တောင်မြင့်မြင့်များတွေ့လို့ကတော့ တောင်ပိုင်ရော တောင်စောင့်နတ်ရော
စေတီတည်ထားတာရော ဦးခိုက်မဝပေါ့ဗျာ၊
ရေငံပိုင်ကျဦးရှင်ကြီး အနုပညာဝါသနာထုံတဲ့ ဘိုကလေးသားပေါ့
မဏိမေခလာနတ်သမီးကရှိသေး ဒါနဲ့အားမရလို့ ရှင်ဥပဂုတ္တမထေရ်ကိုတောင်
ဖောင်နဲ့ပူဇော်ထားတာ
နောက်ပြောင်နေတာမဟုတ်ဘူး ရှေးလူကြီးတွေအမျှော်အမြင်ရှိတာ
သဘာဝပတ်ဝန်းကျင်ကို ကိုးကွယ်မှုတွေနဲ့ ထိမ်းချုပ်ထားတာ
ချစ်စရာအလွန်ကောင်း။
တော်ယုံနဲ့သစ်ပင်မခုတ်ရဲကြဘူး၊သစ်ကြီးဝါးကြီးအောက်ဆိုအရိပ်ခိုလို့ကောင်းလို့ အပေါ့အလေးတောင်မစွန့်ရဲအောင် နတ်ကိုင်လိမ့်မယ်လို့ခြောက်လှန့်ထားတော့အရိပ်ခိုနားသူတွေစိတ်အနှောက်အယှက်မဖြစ်စေရဘူး။
မြစ်ချောင်းအင်းအိုင်ထဲကော အမှိုက်သရိုက်တော်ယုံတန်ယုံနဲ့မပြစ်ကျဘူး။
အခုလား
သစ်ပင်ကြီးရင်ခုတ်ချင်နေပြီ
အမှိုက်ရှုပ်တာရော တိုက်တာအဆောက်အဦးဖျက်မှာဆိုးတာရော
အသုံးဝင်တဲ့ သစ်တောတော့ပြောမနေနဲ့
ကွင်းပြောင်ပြောင်တွေ့လို့ကတော့ စက်ရုံတွေတည်ဘို့
လယ်ကောင်းယာကောင်းတွေကို ရောင်းစား
ဒီမှာတော့ လောင်စာဆီဆိုင်အများဆုံး
၂ဖာလုံလောက်သွားရင်
တစ်ဆိုင်နှုံးလောက်တွေ့နိုင်ပ။
တောင်ကမူဆို ဘူဒိုဇာနဲ့ထိုးဖို့ကြံ
အရင်တုံးက သချိုင်းမြေဆို ဖုံးဆိုးတောခေါ်တာပေါ့ မကောင်းဘူးပေါ့လေ
ခုတော့ ဥယာဉ်အိမ်ယာတဲ့ မသေခင်ကတဲက သုဿန်ရောက်ပြိးသား
မီသြ၈ိုလ်စက်ထည်းဎင်ရုံ ရှိတယ်။
နတ်ကိုင်မှာတွေ ဖုတ်ဝင်မှာတွေလာမပြောနဲ့
အခါပေး ဘိုးတော်တွေအားကိုးရှိပြီးသား
ရုက္ခစိုးတို့လည်းဘာမှမတတ်နိုင်
တောပိုင် တောင်ပိုင်တွေလည်းပြေး
မဖဲဝါတောင် ထမိန်ကျွတ်ကျကျန်ခဲ့လောက်တယ် ဟဟ။
ခုလူတွေကျဘာကြောင့်များရုက္ခဆိုးမင်းနေနိုင်ရပါလိမ့်၊ ကိုယ်ထင်ပြမတားမြစ်နိုင်တော့ဘူး။
သူတောင် သစ်ပင်ခုတ်တဲ့အထဲ ခြေထောက်ညပ်ပါမသွားအောင် ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျနေရောပေါ့။
အရင်တုံးကလူခလုတ်တိုက်လဲတာတောင်
လူမလဲဘူး တုံးလဲတာ တုံးလဲတာ
ခုကတော့ လူကောနတ်ကော
တစ္စေ ဖုတ် ပြိတ္တာကော
ဘာမှမလိုချင်ဘူး လာထားမန်းနီး အားလုံအပြောင်ရှင်း။
ပြီးမှသဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးတဲ့
ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေးတဲ့
အရိပ်ရသစ်ပင် စိုက်ကြပါတဲ့
တောင်သူလယ်သမားဦးကြီးများ စိုက်ပျိုးစရာမြေမကျန်တော့မှ
စိုက်ပျိုးရေးကိုအခြေခံပါသတဲ့
ကဲကောင်းကြသေးရဲ့လားအရပ်ကတို့
ဒါတွေက
ခင်ဗျားရောကျုပ်ရော တာဝန်မကင်းဘူးဆိုတာ သတိထားပါဗျာ
သဘာဝပတ်ဝန်းကျင်ကို မဖျက်ကြပါနဲ့လို့။ ။

0 comments:

Post a Comment