Saturday, November 7, 2015

တောင်တွင်းကြီးမြို့တွင် ဒေသခံပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်အောင် ကောလာဟလများဖြစ်အောင် တရားမ၀င် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်နေ

Bopyae Taungdwingyi added 9 new photos. မှကူးယူဖော်ပြသည်။
11 hrs · Edited ·
‪#‎ပြည်သူများစိတ်ကသိကအောင့်ဖြစ်အောင်ပြုလုပ်မှုများဖြစ်ပေါ်‬
တောင်တွင်းကြီး နိုဝင်ဘာ (၆)
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် ဒေသခံပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်အောင် ကောလာဟလများဖြစ်အောင် တရားမ၀င် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်နေကြောင်းကြားသိရသည်။
နာမည်ကြီး ဗုဒ္ဓဆင်းတုတော်တစ်ဆူမှမျက်ရည်တော်ကျနေသဖြင့် နေအိမ်တိုင်း ဖယောင်းတိုင်၊ အမွှေးတိုင်များထွန်းညှိပူဇော်မှသာ ဘေးအန္တရာယ်ကင်းရှင်းနိုင်မည်ဖြစ်ကြောင်း ကောလဟလများကြားသိရသဖြင့် နေအိမ်များမှ ယနေ့ နိုဝင်ဘာ (၆)ရက်နေ့ ညပိုင်းတွင် အများနည်းတူ ဆောင်ရွက်မှု ရှိနေကြောင်းသိရသည်.......အချို့သော နေအိမ်များသည်လည်း ဆောင်ရွက်မှု ရှိသကဲ့သို့ အချို့နေအိမ်များဆောင်ရွက်မှုမရှိသည်ကို တွေ့ရသည်....
အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းအတည်ပြုနိုင်ရန် စုံစမ်းမေးမြန်းလျှက်ရှိရာ အတည်ပြုချက်ရယူနိုင်ရန် အခက်အခဲများဖြစ်ပေါ်လျှက်ရှိကြောင်း ကနဦးသတင်း ရရှိသည်။

ဗိုလ်ပြည့် ( တောင်တွင်းကြီး )

0 comments:

Post a Comment