Thursday, November 5, 2015

စိုက်ပျိုးရေးဦးစီးဌာန၀န်ထမ်းများ ပေါင်းလိုက် တမန်းနှိုးခြင်း လုပ်ငန်းများဆောင်ရွက်


အောင်လံ အောက်တိုဘာ ၃၁
        
           မကွေးတိုင်းဒေသကြီး  သရက်ခရိုင်   အောင်လံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးမောင်နှင့်
ဝန်ထမ်းများသည်  အောက်တိုဘာလ(၃၁)ရက်နေ့   နံနက်ပိုင်းက  ပန်းမတလျှပ်စစ်မြစ်ရေတင်ဧရိယာရှိ      အင်းကုန်း
ကျေးရွာအုပ်စု ကွင်းအမှတ် (၇၆ ခ)    ဦးပိုင်အမှတ်(၂၃၂)   ဦးဇော်လေး၏   စပါးစိုက်ခင်း ၊   စိုက်စနစ်ယှဉ်ပြိုင်စမ်းသပ်
ကွက် ရက်(၉၀)စပါးမျိုးစိုက်ခင်းတွင် မျိုးကွဲပယ်ခြင်း ၊ ပေါင်းလိုက် တမန်းနှိုးခြင်း ၊ မြေသြဇာကျွေးခြင်း လုပ်ငန်းများကို တပျော်တပါး ၀ိုင်းဝန်းဆောင်ရွက်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည် ။
သိန်းလွင်(ပြန်/ဆက်)

0 comments:

Post a Comment