Sunday, November 8, 2015

မကွေးတိုင်း ရေနံချောင်းမြို့နယ် အုတ်ရှစ်ကုန်းကျေးရွာတွင် ပထမအကြိမ်မဲစာရင်းများ ပါသော်လည်း နောက်ဆုံးအကြိမ် မဲစာရင်းတွင် မပါဘဲ မဲလက်မှတ်မရရှိသောကြောင့် မဲပေးခွင့်မရသူ အများအပြားရှိနေ

Azan Art shared Eleven Media Group's post. မှ ကူးယူဖော်ပြသည်။
2 hrs ·
ငါ့ရွာမှာမ ဖြစ်ရတယ်
 
 
 
 
 
Eleven Media Group added 2 new photos.
2 hrs · Edited ·
‪#‎election_news_updated‬
မကွေးတိုင်း ရေနံချောင်းမြို့နယ် အုတ်ရှစ်ကုန်းကျေးရွာတွင် ပထမအကြိမ်မဲစာရင်းများ ပါသော်လည်း နောက်ဆုံးအကြိမ် မဲစာရင်းတွင် မပါဘဲ မဲလက်မှတ်မရရှိသောကြောင့် မဲပေးခွင့်မရသူ အများအပြားရှိနေပြီး ကျေးရွာလူဦးရေ၏ ထက်ဝက်ခန့် မဲပေးခွင့် ဆုံးရှုံးနေကြောင်း သတင်းရရှိသည်။
“ရွာထဲမှာ တစ်ချို့ကလည်း မဲစာရင်းတွေ မကြည့်ဖြစ်တာတွေရှိခဲ့ပေမယ့် အများစုက ပထမအကြိမ်တုန်းက မဲစာရင်းမှာ ပါပြီးသားကို အခုနောက်ဆုံးအကြိမ်မှာ မပါတာပါ။ ကျွန်တော်တို့ မိသားစုမှာ နှစ် နှစ်ဆယ်ကျော်လောက်ကတည်းက နယ်ဝေးမှာရောက်နေသူတွေကျ မဲစာရင်းမှာပါနေပြီး လက်ရှိနေတဲ့ ကမန်တော့်အမျိုးသမီးက မဲစာရင်းမှာ မပါခဲ့ပါဘူး။ အများစုက မဲစာရင်းလည်း မရှာတတ်တော့ မဲမပေးကြတော့ပါဘူး။ မြို့နယ်ကော်မရှင်က ရွာကိုလာပေမယ့် ဘာမှဆောင်ရွက်မပေးဘဲ ပြန်သါားကြပါတယ် `` ဟု အုန်ရှစ်ကုန်းကျေးရွာမှ တောင်သူဦးဘိုလွင်က ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မကွေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစိုးထွဋ္ဋ်ဦးက မဲပေးသည့်န့တွင်မှ မဲစာရင်းတွင်မပါလျှင် မဲပေးခွင့်မရှိတော့ကြောင်း ပြောကြားခဲ့သည်။
ပုံစာ။ ။ ရေနံချောင်းမြို့နယ် အုတ်ရှစ်ကုန်းကျေးရွာမှ မဲပေးခွင့်မရသောကြောင့် မဲရုံအနီး စောင့်နေသူမျုားကို တွေ့ရစဉ်ပုံများ

0 comments:

Post a Comment