Friday, November 27, 2015

ပုသိမ်-မုံရွာလမ်းတွင် ထော်လာဂျီနှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ




၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်
နိုဝင်ဘာလ ၁၉ ရက်နေ့ ည (၆)နာရီခွဲအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ သံချောင်းကျေးရွာအနီးပုသိမ်-မုံရွာကားလမ်းမိုင်တိုင်အမှတ် (၃၄၄/၂)နှင့် (၃၄၄/၃) အကြားတွင် နိုဝင်ဘာ ၁၉ ရက်နေ့ ည (၆)နာရီခွဲအချိန်ခန့်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
 ဖြစ်စဉ်မှာ ၄င်းလမ်းအတိုင်း သံချောင်းကျေးရွာဘက်မှ ကော်တုံကျေးရွာဘက်သို့ ယာဉ်ရှေ့မီးပါပဲဓါတ်မီးထိုး၍ မောင်းနှင်လာသောသံချောင်းကျေးရွာနေသူယာဉ်မောင်းသန်းကျော်ဦး (ခ) သန်းကိုဦး (၁၆)နှစ် မောင်းနှင်သော ၉ဌ/xxxxထော်လာဂျီ (ဂျင်းဒေါင်း) အစိမ်းရောင် ယာဉ်နှင့် ၄င်းလမ်း အတိုင်းကော်တုံကျေးရွာဘက်မှ သံချောင်းကျေးရွာဘက်သို့ ဆိုင်ကယ်မီးမဖွင့်ဘဲမောင်းနှင် လာသောကော်တုံကျေးရွာနေ ၀င်းသူဟန် (၁၅)နှစ် မောင်းနှင်ပြီးနောက်တွင် တစ်ရွာတည်းနေ မြတ်ထက်ကို(၁၈)နှစ်နှင့်ကျော်ဆန်းဝင်း(၁၇)နှစ်တို့ ထိုင်စီးလိုက်ပါသော ၂၇ယ/xxxxxxရင်ဇင်း ၁၁၀ အနက်ရောင် ဆိုင်ကယ်တို့ လမ်းအလယ်တွင် မျက်နှာချင်းဆိုင် ပွတ်တိုက်မိပြီးဆိုင်ကယ် မောင်းသူ ၀င်းသူဟန်မှာ ရရှိသောဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး မြတ်ထက်ကိုနှင့် ကျော်ဆန်းဝင်း တို့တွင် အပြင်းအထန် ဒဏ်ရာများရရှိခဲ့သဖြင့်ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမနယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်းသိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment