Monday, November 30, 2015

ဆိုင်ကယ်မဆင်မခြင် မောင်းနှင်၍ လမ်းဘေးမြေနီပုံဝင်တိုက်မိ သေဆုံး




ငဖဲ     နိုဝင်ဘာ     ၃၀


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ငဖဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၉ရက်နေ့ ညနေ (၃)နာရီခွဲအချိန်ကငဖဲမြို့နယ်၊ လေးအိမ်စုကျေးရွာအနီး၊ ငဖဲ-စေတုတ္တရာကားလမ်းမိုင်တိုင် အမှတ် (၁၃/၅ နှင့် ၁၃/၆)ကြားတွင် ဆိုင်ကယ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရသက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

စစ်ဆေးချက်အရ ၄င်းလမ်းအတိုင်း လေးအိမ်စုကျေးရွာဘက်မှ ငဖဲမြို့ဘက်သို့ ငဖဲမြို့နယ်၊ ပန်းထိမ်းကျေးရွာနေသူဦးသက်တင် (၄၇)နှစ် တစ်ဦးတည်းမောင်းနှင်လာသော ၂၃ယ/xxxxx SUMBO STAR WAVE 125 ဖြူနီကြားရောင် ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲလမ်း၏ ၀ဲဘက်တွင် ပုံထားသည့် မြေနီပုံအား ၀င်ရောက်တိုက်မိ၍ ဦးသက်တင်မှာအပြင်းအထန် ဒဏ်ရာများရရှိပြီးနေရာတွင် သေဆုံးသွားသဖြင့် ငဖဲမြို့နယ်၊ မြို့မရဲစခန်းအမှုရေးဖွင့် ဆောင်ရွက် လျှက်ရှိကြောင်းသတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment