Thursday, November 12, 2015

မြောက်ဥက္ကလာပမြို့နယ်တွင် တိုင်းရင်းသားလွှတ်တော်အတွက် ဆန္ဒမဲမပေးရသဖြင့် မိမိ၏လက်သန်းအား ဓားဖြင့်လှီးဖြတ်မှု သတင်းမှန်တင်ပြခြင်း

မြောက်ဥက္ကလာပမြို့နယ်တွင် တိုင်းရင်းသားလွှတ်တော်အတွက် ဆန္ဒမဲမပေးရသဖြင့် မိမိ၏လက်သန်းအား ဓားဖြင့်လှီးဖြတ်မှု သတင်းမှန်တင်ပြခြင်း
****************
၈.၁၁.၂၀၁၅ ရက်နေ့ ၁၃၁၅ အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊
(င)ရပ်ကွက်၊ နွယ်နီ (၂)လမ်းနေ မျိုးဇော်ဦးသည် တိုင်းရင်းသားလွှတ်တော်
အတွက်ဆန္ဒမဲပေးခွင့်မရသဖြင့် ၎င်း၏လက်သန်းအား ဓားဖြင့်လှီးဖြတ်
ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါသတင်းရရှိသဖြင့် မြောက်ဥက္ကလာပမြို့မရဲစခန်းမှ ရဲအုပ် ဇော်မင်းခက်
နှင့်အဖွဲ့က သွားရောက်စုံစမ်းရာ မျိုးဇော်ဦး၊ (၃၀)နှစ်၊ ကရင်/ခရစ်ယာန်သည် ယနေ့နံနက် ၈ နာရီအချိန်တွင် (င)ရပ်ကွက်၊ နွယ်နီ(၁၆)လမ်း၊ အ.မ.က (၃၈)ရှိ မဲရုံအမှတ် (၁၄)တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေ
သကြီးလွှတ်တော်အသီးသီးအတွက် ဆန္ဒမဲပေးခဲ့ပြီး ၁၃၃၀ အချိန်တွင်
၎င်း၏နေအိမ်၌ အရက်သေစာသောက်စားမူးယစ်ကာ ၎င်းမဲပေးခဲ့သည့်မဲရုံ၌ တိုင်းရင်းသားလူမျိုးလွှတ်တော်မဲပုံးတွင် မဲပေးခွင့်မရရှိခြင်းအပေါ် မကျေနပ်၍
မူးယစ်ပြီး မှင်တို့ထားသည့် ၎င်း၏၀ဲဘက်လက်သန်းအဖျားနေရာအား
၎င်းကိုယ်တိုင် ဓားဖြင့်လှီးဖြတ်ခဲ့သဖြင့် ပြတ်ရှဒဏ်ရာ(၁)ချက်ရရှိခဲ့ခြင်း
ဖြစ်ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ မျိုးဇော်ဦး၏ ဖခင်သည်မြန်မာလူမျိုး၊ မိခင်မှာကရင်လူမျိုးဖြစ်ပြီး
ဗမာ/ကရင်လူမျိုးဖြစ်သည့်အတွက် ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော်မဲပုံး၌ မဲပေးခွင့်မရရှိခဲ့ခြင်းသာဖြစ်ကြောင်းသတင်းအမှန်ကို ဖော်ပြအပ်ပါသည်။
(ရန်ကုန်တိုင်းရဲတပ်ဖွဲ့)

0 comments:

Post a Comment