Tuesday, November 3, 2015

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အခွင့်အလမ်းများ ပွင့်လင်းတိုးတက်မှု ရှိလာ



     
  ငဖဲ ၊  အောက်တိုဘာ ၂၆
             မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်စစ်မှုထမ်းဟောင်းများ၏ သားသမီးများကို ပညာသင်
စရိတ်ထောက်ပံ့ပေးခြင်း အသက်(၇၅)နှစ်အထက် သက်ကြီးစစ်မှုထမ်းဟောင်းများ ကိုယ်လက်အဂါင်္စွန့်
လွှတ်ခဲ့ရသည့် မသန်မစွမ်းစစ်မှုထမ်းဟောင်းများ နှင့် ဆေးပင်စင်သာရရှိ၍ မိသားစုပင်စင် မခံစားရ
သည့် ကွယ်လွန်သူစစ်မှုထမ်းဟောင်းများ၏ ကျန်ရှိမိသားစုဝင်များကို ထောက်ပံ့ကြေးပေးအပ်ပွဲ နှင့် ပူး
တွဲ၍ ငဖဲမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ရုံးဖွင့်ပွဲ အခမ်းအနားကိုကျင်းပပြုလုပ်ကြောင်း သိရှိရသည်။

             အဆိုပါအခမ်းအနားကို ငဖဲမြို့နယ် စည်ပင်သာယာကွက်သစ်(စ-ထ-ဟ)ရုံးသစ်တွင်
မြို့နယ်စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များမှ ဦးစီးကျင်းပပြီး ပဒါန်းတပ်နယ်မှူး ကိုယ်စား ဒုတပ်
နယ်မှူး အမြောက်တပ်ရင်း အမှတ်(၄၀၉)မှ တပ်ရင်းမှူးlအမြောက်တပ်ရင်း အမှတ်(၃၇၅)မှ တပ်ရင်း
မှူးlကပစ(၁၄)စက်ရုံမှူးးကိုယ်စား တပ်မတော်အရာရှိများ နှင့် ငဖဲမြို့နယ် ရဲတပ်ဖွဲ့မှူးl မြို့နယ်အထွေ
ထွေအုပ်ချူ ပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများl မြို့နယ်စည်ပင်သာယာရေးဦးစီးမှူးlပြည်သူ့လွှတ်တော်ကိုယ်
စားလှယ်များlစစ်မှုထမ်းဟောင်းအဖွဲ့စည်းရုံးရေးကော်မတီဝင်များlအဖွဲ့ဝင်များlအရံအဖွဲ့ဝင်များlပညာသင်
ထောက်ပံ့ကြေးလက်ခံရယူမည့် ကျောင်းသား ကျောင်းသူများ စုစုပေါင်းလူဦရေ(၁၅၃)ဦး တက်ရောက်
ကြသည်။

             ငဖဲမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဦးကံပန်း မှ``ယခင်စစ်ဆေးရုံမှာ အီးသုံးလုံး
ကိုသာ ပြန်လည်ကုသခွင့်ကနေ ယခု စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တိုင်းနဲ့မိသားစုများကိုပါ တပ်မတော်
စစ်ဆေးရုံမှာအခမဲ့တက်ရောက်ကုသခွင့်ပြုပြီဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။ထောက်ပံ့ကြေးကိစ္စနဲ့
ပတ်သတ်လို့ အခြေခံပညာကျောင်းမှာ သင်ကြားနေတဲ့ စစ်မှုထမ်းဟောင်း သားသမီးများကို အထက်
တန်းကျောင်း ၂၀၀၀၀-ကျပ် နဲ့(၄)ဦးlအလယ်တန်းကျောင်း ၁၅၀၀၀-ကျပ် နဲ့ (၁၀)ဦးlမူလတန်း ၁၀၀၀၀
-ကျပ် နဲ့(၁၀)ဦးကို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဋ္ဌာနချူ ပ်က ထောက်ပံ့ပေးတာဖြစ်ပြီး
အသက်(၇၅)နှစ်အထက် သက်ကြီး(၃)ဦးlတပ်မတော်မှာ ကိုယ်လက်အဂါင်္စွန့်လွှတ်ခဲ့ရတဲ့ မသန်မစွမ်း
(၃)ဦးlလုပ်သက်(၁၀)နှစ်မပြည့်မှီ ကိုယ်လက်အဂါင်္စွန့်လွှတ်ခဲ့ရ၍ နုတ်ထွက်ခဲ့ရပြီး ဆေးပင်စင်လောက်
သာရရှိခံစားခဲ့ရသော ၄င်းစစ်မှုထမ်းဟောင်း ကွယ်လွန်ချိန်တွင် မိသားစုပင်စင်ခံစားခွင့်မရှိတော့တဲ့
ကျန်ရှိမိသားစုဝင်(၂)ဦး စုစုပေါင်း(၈)ဦး ရှိရာ တစ်ဦးလျှင် ၂၅၀၀၀-ကျပ်ကို ငဖဲမြို့စစ်မှုထမ်းဟောင်းအဖွဲ့
မှ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။နောက်တဖန် ထောက်ပံ့ကြေးရရှိသူ(၃၂)ဦးရှိရာ တစ်ဦးကို ၅၀၀၀-ကျပ်
ထပ်တိုးထောက်ပံ့ကြေး အပါအဝင် ငဖဲမြို့နယ်ရှိ စစ်မှုထမ်းဟောင်းများ အားလုံးအား ကြက်ဥစိမ်းlဆပ်
ပြာခဲ များကို ပဒါန်းတပ်နယ်မှူးမှ ဖြည့်သွင်းထောက်ပံ့ပေးတာဖြစ်ပါတယ်။´´ဟုပြောကြားပြီး ဒု-တပ်
နယ်မှူးမှလည်းကောင်းlတပ်ရင်းမှူးများမှလည်းကောင်းlမြို့နယ်ရဲတပ်ဖွဲ့မှူးမှလည်းကောင်းlလွှတ်တော်
ကိုယ်စားလှယ်များမှလည်းကောင်းlမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ တို့မှ ထောက်ပံ့ကြေး လက်ခံ
သည့်သူများသို့ အသီးသီး ပေးအပ်ပြီးနောက် ငဖဲမြို့နယ် ကန်သာကျေးရွာနေ စစ်မှုထမ်းဟောင်းအဖွဲ့
ဝင် ဦးအောင်မြ မှ``ကျွန်တော့်အနေနဲ့ တပ်မတော်က နုတ်ထွက်အနားယူခဲ့ပြီးနောက်ပိုင်း ဒီလိုအခွင့်
အလမ်းတွေရလာလိမ့်မယ် လို့ မမျှော်မှန်းမိဘူး။ကျွန်တော်တို့ကို အခုလို အခွင့်အလမ်းတွေနဲ့ပြန်လည်
ကြည့်ရှုထောက်ပံ့ပေးတာ အားရဝမ်းသာပါတယ်´´ဟုမြေလတ်ဂျာနယ် မီဒီယာသို့ပြောသည်။
အောင်သူ (ငဖဲ)

0 comments:

Post a Comment