Monday, November 30, 2015

ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွား




မကွေး      နိုဝင်ဘာ     ၂၈

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဖိုးပေါက်ကန်ကျေးရွာအနီးမကွေး-တောင်တွင်းကြီးကားလမ်းမိုင်တိုင်အမှတ် ၂၉၄/၁ နှင့် ၂၉၄/၂ အကြားတွင် နိုဝင်ဘာ ၂၇ရက်နေ့ ညနေ (၆)နာရီခွဲအချိန်ကဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာတောင်တွင်းကြီးမြို့ဘက်မှ မကွေးမြို့ဘက်သို့ တောင်တွင်းကြီးမြို့နယ်၊ သဲကျွန်းကျေးရွာနေသူ အောင်ဝင်း(၄၀)နှစ် မောင်းနှင်ပြီးနောက်မှ ဇနီးဖြစ်သူမဥမ္မာမြင့်(၃၇)နှစ်၊ သမီးမဟန်စုစံ (၈)နှစ်၊ သားမောင်လောပန်ချစ်စံ (၃)နှစ်တို့ လိုက်ပါလာသည့် ၄၂ယ/xxxxxဂျင်းရှီး ၁၁၀ အနက်ရောင် ဆိုင်ကယ်နှင့် မကွေးဘက်မှ တောင်တွင်းကြီးဘက်သို့ တောင်တွင်းကြီး မြို့နယ်၊ ကုက်္ကိုခွ ကျေးရွာနေသူ ဖြိုးကိုကို (၂၅)နှစ် မောင်းနှင် လာသော ၄၄ယ/xxxxxရီဘို ၁၁၀ အနက်ရောင် ဆိုင်ကယ်တို့ ကားလမ်းအလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိပြီး အောင်ဝင်း၊ မဥမ္မာမြင့်နှင့် မဟန်နီစုစံတို့တွင် ဒဏ်ရာများရရှိခဲ့ပြီး ဖြိုးကိုကိုမှာရရှိသောဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားသဖြင့် မကွေးမြို့နယ်၊ မိကျောင်းရဲနယ်မြေရဲစခန်းမှ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မများဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်းသိရသည်။
မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment