Sunday, November 8, 2015

မကွေးမြို့ ဒီနေ့မနက် ၃နာရီ မှ ၇နာရီ အတွင်း မြင်ကွင်းနဲ့ သူတို့ရဲ့ အတွေ့အကြုံ

Thiz Za Na added 16 new photos. မှ ကူးယူဖော်ပြပါသည်။
7 hrs ·
ဒီနေ့မနက် ၃နာရီ မှ ၇နာရီ အတွင်း
မြင်ကွင်းနဲ့ သူတို့ရဲ့ အတွေ့အကြုံ
ခုချိန်ထိ ပြဿနာ တစ်စုံတစ်ရာ မရှိသေးကြောင်း အချို့လည်း တန်းစီတုန်း အချို့ လည်း ခုမှ မဲရုံသို့သွားတုန်း အချို့ လည်း ပေးပြီးခဲ့ကြောင်း သိခဲ့ရတယ်။ အချို့ ထည့်ပြီးပေမယ့် မှင်ပြားသွားကြောင်း အချို့လည်း တံဆိပ်မရိုက်ဖူးတော့ သိပ်မထင်ကြောင်း
အချို့ ကလည်း သူတို့ရဲ့အတွေ့အကြုံတွေ မျှဝေကြတယ်။ အဲဒါတွေကတော့ တံဆိပ်ရိုက်ပြီး နောက်လူတွေအတွက် မဲပေးစေလိုသော ဆန္ဒတွေကြောင့် စာရွက်ကို အလျှင်စလို ခေါက်မိ၍ မှင်ပြားသွားကြောင်း
အချို့ကလည်း တံဆိပ်တစ်ခါမှ မရိုက်ဖူးတာရယ် စိတ်စောနေတာရယ် စိတ်လှုပ်ရှားမှုတွေ ဖြစ်နေတာတွေကြောင့် တံဆိပ်တုံးကို ဖိပြီးမနှိပ်မိလို့ သိပ်မထင်ခဲ့ကြောင်း အချို့လည်း တံဆိပ်တုံးကို ဖိမနှိပ်မိလို့ မထင် ၊ မလို့ ဆက်နှိပ် ဆက်နှိပ်မိလို့ ပယ်မဲဖြစ်သွားတာတွေ ဖတ်ရ မှတ်ရ သိရလို့ ပြန်ပြီး ပြောပြနေတာပါ
အားလုံးအဆင်ပြေပါစေကွယ်.....

0 comments:

Post a Comment