Friday, November 27, 2015

မြို့လုံးကျွတ်ဘုံကထိန် ပဒေသာပင် လှည့်လည်ကျင်းပ




ငဖဲ     နိုဝင်ဘာ     ၂၅
          မင်းဘူးခရိုင် ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့်မြို့မနှင့်ကျောင်းတွင်းရပ်ကွက်ပြည်သူများ၊လူမှုရေးအသင်းအဖွဲ့များနှင့်ဌာနဆိုင်ရာ များ စုပေါင်း၍ မြို့လုံးကျွတ်ဘုံကထတိန် ပဒေသာပင်လှည့်လည်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက မြို့နယ်ထွေအုပ်ရုံးရှေ့မှ ကထိန်ကျင်းပပြုလုပ်မည့် မဟာသမယာရာမိက ပရိယတ္တိကျောင်း သစ်ကျောင်းသို့ စီတန်းလှည့်လည်ကျင်းပပို့ဆောင်ခဲ့သည်။
          အဆိုပါဘုံကထိန်ပွဲတွင် ဌာနဆိုင်ရာများ၊လူမှုရေးအသင်အဖွဲ့များ၊ရပ်ကွက်များမှ ပဒေသာပင်(၂၆)ခု၊ပစ္စည်းတန်ဖိုးကျပ်(၁၁၄၄၄၀၀/ိ-)ငွေတန်ဖိုးကျပ်(၁၅၄၉၂၅၀/ိ-)စုစုပေါင်းတန်ဖိုး (၂၆၉၃ ၆၅၀/ိ-)ကျပ် စိုက်ထူလှူဒါန်းပြီး နိုဝင်ဘာ ၂၆ ရက်နေ့မွန်းလွဲ ၁ နာရီတွင် ကထိန်တရားတော် မြတ်ကိုနာယူပြီး ကထိန်ညှပ်သင်္ကန်းနှင့်လှူဘွယ်ပစ္စည်းများလှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အခမ်းအနား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment