Sunday, November 15, 2015

မြိုင်မြို့နယ်ရဲတပ်ဖွဲ့မှ အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲကျင်းပ



မြိုင်-နိုဝင်ဘာ-၁၃

                   ၂၀၁၅-ခုနှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ
ရွေးကောက်ပွဲတွင် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော မြိုင်မြို့နယ်
ရဲတပ်ဖွဲ့မှ အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲကို နိုဝင်ဘာ(၁၃)ရက်နေ့ နံနက်(၉)နာရီက မြို့နယ် နံ့သာမြိုင်ခန်းမ
 ကျင်းပပြုလုပ်သည်။
                   အဆိုပါအခမ်းအနားတွင် မြို့နယ်လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးရဲလင်းအောင်က ဂုဏ်ပြုကျေးဇူးတင်စကား ပြောကြားပြီး၊ မြို့နယ်လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထန်လျန်မန်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ကိုယ်စား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ရာ
မြိုင် မြို့မရဲစခန်းနယ်မြေအတွင်းနှင့် ဗဟင်း၊ လင်းကတော၊ ကိုင်းတောမ ရဲစခန်းနယ်မြေအတွင်း လုံခြုံရေးတာဝန်
ထမ်းဆောင်ခဲ့ကြသည့် အထူးရဲတပ်ဖွဲ့ဝင်များကိုယ်စား နယ်မြေတစ်စုလျှင် တစ်ဦးစီ ဂုဏ်ပြုမှတ်တမ်းလွှာများအား
လက်ခံရယူကြသည်။
                   ထို့နောက် အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲဖြင့် အသိအမှတ်ပြုလက်မှတ်များ ချီးမြှင့်ပေးသည့်
အတွက် အထူးရဲတပ်ဖွဲ့ဝင်များကိုယ်စား အထူးရဲတပ်ဖွဲ့ဝင် ဦးကျော်နိုင်လင်းက ကျေးဇူးတင်စကားပြောကြားသည်။
                   တက်ရောက်သူများမှာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်း၊ ဒု-မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး
နေထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးခင်မောင်သန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊
အထူးရဲတပ်ဖွဲ့ဝင်(၂၄၃)ဦး စုစုပေါင်း(၂၆၀)ဦး တက်ရောက်ကြကြောင်းသိရသည်။


(အောင်ကျော်မြင့်)

0 comments:

Post a Comment