Saturday, November 7, 2015

ပါဝင်ကူညီပါ

ပါဝင်ကူညီပါ
+++++++++++++
နိုဝင်ဘာ ၈ ရက် မဲပေးရက် တွင် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး ဆောင်ရွက်သူများမှ မဲရုံပရိဝုဏ် မှ အနည်းဆုံး ၁၅ ကိုက် အကွာအဝေး နဲ့ ဝေးရာတွင် မဲဆန္ဒရှင်များအား မည်သည့် ပါတီအား မဲပေးခဲ့ကြောင်း မေးမြန်းခွင့်ရှိပါသည်။ ထိုသို့လဲမေးမြန်းပြီး စစ်တမ်းများ လုပ်ပါလိမ့်မည်။
မဲဆန္ဒရှင်များအနေဖြင့် ထိုသို့မေးလာပါက မိမိမဲပေးခဲ့သော ပါတီအား လွတ်လွတ်လပ်လပ်ဖြေကြားခွင့်ရှိပါသည်။ စောင်ကြည့်လေ့လာသူများ မှ ထိုသို့ပြုလုပ်ရခြင်းမှာ မဲရုံတစ်ရုံတွင် မည်သည့် ပါတီအား အများစု မဲပေးခဲ့ကြောင်း အချက်အလက်စစ်တမ်းကောက်ခြင်းဖြစ်ပါသည်။ ထိုစစ်တမ်းကောက်ခြင်းအား ၁၅ ကိုက်အကွာအဝေးတွင် လွတ်လပ်စွာ မေးမြန်း ဖြေကြားနိုင်ပါသည်။
ပါဝင်ကူညီဖြေကြားခြင်းဖြင့် မှန်ကန်သော မဲရလာဒ်များ ဖြစ်အောင် မဲဆန္ဒရှင်ပြည်သူများမှ ကူညီပေးပါရန်တိုက်တွန်းအပ်ပါသည်။
ဓာတ်ပုံ - စင်္ကာပူတွင် မဲဆန္ဒရှင် မဲပေးစစ်တမ်း ဖြေကြားနေပုံ (The Myanmar Times)

0 comments:

Post a Comment