Friday, November 27, 2015
(၂၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း
မကွေး     နိုဝင်ဘာ     ၂၆
          မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍  ဌာနဆိုင်ရာများ၊စေတနာရှင် များ၏ (၂၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ စေတနာရှင်အလှူရှင်ပြည်သူများတက် ရောက်၍ နမောတဿ သုံးကြိမ်ရွက်ဆိုကာ ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။
          ထို့နောက် မကွေးတိုင်းဒေသကြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ နိုင်ငံတော်သြ၀ါဒါစရိယ၊ရာဇမုနိတောင်ပေါ်ကျောင်း ပဓာနနာယကဆရာတော်(မဟာသဒ္ဓမ္မဇောတိကဓဇ)ဘဒ္ဒန္တကေလာသထံမှသရဏဂုံသီလခံယူဆောက်တည်ခဲ့ကြပြီး သံဃာတော်အရှင် သူမြတ်များထံမှ ပရိတ်တရားတော်များ နာကြားခဲ့ကြသည်။
          ဆက်လက်၍ တိုင်းဒေသကြီိးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့်ဇနီးဒေါ်စမ်းစမ်းမြင့် တို့က ကထိန်လျာဥာတ်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး တန်ဆောင်မုန်းလပြည့် နေ့အခါသမယတွင် အခြံအရံနှင့်တကွ လှူဒါန်းသော ပစ္စည်းဝထ္ထုတန်ဘိုး(၂၀၃၂၀၉၈၀/ိ-)ငွေသား ၀ထ္ထုတန်ဘိုး(၈၀၆၈၃၂၀/ိ-)စုစုပေါင်းလှူဒါန်းငွေ(၂၈၃၈၉၃၀၀/ိ-)စာရင်းအား စေတနာသဒ္ဓါတရား ပွားများစေရေး ဖတ်ကြားကြေညာခဲ့သည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment