ပွင့်ဖြူ နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန(မျိုးစေ့ဌာနခွဲ) ပွင့်ဖြူမျိုးသန့်စိုက်ပျိုးရေးခြံတွင်
မျိုးကောင်းမျိုးသန့် ထုတ်လုပ်မှုကွင်းသရုပ်ပြပွဲကို နိုဝင်ဘာ ၂၂ ရက်နေ့ နံနက် (၁၀)
နာရီက မျိုးသန့်ခြံ၌ မျိုးကောင်းမျိုးသန့်ထုတ်လုပ်မှု ကွင်းသရုပ်ပြပွဲကျင်းပပြုလုပ်ခဲ့ရာ
ဒု-တိုင်းဦးစီးမှူး ဦးမြင့်စိန်၊ တိုင်းဒေသကြီး မျိုးစေ့တာဝန်ခံ ဒေါ်မီမီချို၊ မင်းဘူးခရိုင်ဦးစီးမှူး
ဦးကျော်ဝင်းနှင့် မကွေး၊ မင်းဘူး၊ မင်းလှ၊ စလင်း၊ ပွင့်ဖြူ၊ ငဖဲ မြို့နယ်(၆)မြို့နယ်မှ
ဦးစီးမှူးများ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၀န်ထမ်းများနှင့် တောင်သူများ
တက်ရောက်ခဲ့ပြီး ခြံတာဝန်ခံ ဦးကျော်သီဟမှ မျိုးသစ်အသိအမှတ်ပြုလက်မှတ်ရ စပါးစမ်းသပ်ကွက်များ၊
မျိုးကောင်းမျိုးသန့် ထုတ်လုပ်ခြင်း၊ မျိုးစေ့နမူနာများပြသခြင်း၊ ကောက်ရိတ်သိမ်းစက်ဖြင့်
ရိတ်သိမ်းခြွေလှေ့နေခြင်း များအား ရှင်းလင်းဆွေးနွေးပြသခဲ့ရာ တက်ရောက်လာတောင်သူများက
စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။
သန်းနိုင်ဦး (ငဖဲ)
0 comments:
Post a Comment